879 140 11
                                    

ဆေးခန်းထဲမှာ ထိုင်ရင်း လေးလံနေတဲ့ စိတ်တွေကို ဘယ်လို ဖြေဖျောက်ရပါ့မလဲလို့ ထိုင်တွေးနေမိတယ် ။ ခက်တာပဲ ။

" နေမကောင်းဘူးလား ခွန်းအာရုံသွေး "

" ကောင်းပါတယ် "

" မင်း ပုံက ကောင်းတဲ့ပုံ မပေါ်ပါလား ၊ မှန်းစမ်း "

ဒေါက်တာ့ရဲ့ လက်ချောင်းတွေက ခွန်းရဲ့ နဖူးပေါ်ကို ရောက်လာတယ် ။ ၆ နာရီ ကျော်နေပြီမို့ ဝန်ထမ်းတွေလည်း မကျန်တော့ဘူး ။ ရာသီဥတုက ချမ်းအေးတဲ့ဆီကို တဖြေးဖြေး ကူးပြောင်းလာတာကြောင့် ညနေစောင်းတာနဲ့ ချမ်းစိမ့်စိမ့် ဖြစ်လာတယ် ။

" ‌ဒီနေ့ ညစောင့် ဦးလေးကြီး မလာဘူးလား "

" ညစောင့်ဂျူတီ ချိန်းထားတာလေ ၊ ဒီမှာ ဒီနေ့ရဲ့ ညစောင့် "

ရင်ဘတ်ကို ပုတ်ပြီး ပြောလာတဲ့ အမရာ့ကို ကြည့်ရင်း ရယ်မိတယ် ။ ဒီရက်တွေထဲ ဆေးခန်းက ဝန်ထမ်းတွေ အပြင် အမရာနဲ့ပါ ပိုပြီး ရင်းနှီးလာခဲ့တယ် ။ ဆေးခန်းလာတိုင်း အိမ်က မုန့်တွေ သယ်လာတတ်တဲ့ ခွန်းကို ဝန်ထမ်းအစ်မတွေက ပန်ဒါလို့ ခေါ်ကြတယ် ။ food panda က မုန့်လာလာ ပို့နေသလိုပဲတဲ့ ။

" အဲ့လို ရယ်စမ်းပါ ၊ မင်း ပုံစံက တက်တက်ကြွကြွလေး နေမှ ကြည့်လို့ ကောင်းတာ "

အမရာ့ရဲ့ လက်ချောင်းတွေက ခွန်းရဲ့ ဆံပင်တွေပေါ်ကို ရောက်လာတယ် ။ ရုတ်တရပ်ကိုပဲ အမျိုးသမီးတစ်ယောက်က ခွန်းရဲ့ အတွေးတွေထဲ လည်လာတယ်  ။

" ဘာဖြစ်တာလဲ "

" ကျွန်မကို အမြဲ ဒီလိုလုပ်တတ်တဲ့ လူတစ်ယောက်ကို သတိရသွားလို့ "

" အိုး love sick ပဲ "

" ဘာရယ် "

" မင်း ဘာလို့ မှိုင်နေရသလဲဆိုတာကို သိသွားပြီလို့ ပြောတာပါ "

အမရာက ရယ်ပြီး ပြောလိုက်ပေမယ့် ခွန်းကတော့ မရယ်နိုင်တော့ဘူး ။

" အချစ်ရေးတွေက လောလောဆယ် မင်းအရွယ်မှာ အရေးပါမှန်း သိပါတယ် ၊ ဒါပေမယ့် အဲဒါတစ်ခုတည်းအတွက်နဲ့ ကိုယ်လုပ်ရမယ့် အရာတွေကိုတော့ မနှောင့်နှေးစေနဲ့ပေါ့ ။ ကိုယ့်လမ်းကို ပိတ်နေရင် ဘယ်အရာကိုမဆို ဖယ်ရှားတတ်ရတယ် ကလေးရဲ့ "

ချစ်ခြင်းသွင်ပြင်Where stories live. Discover now