873 142 13
                                    

Chat တစ်ခုရဲ့ conversations တွေကို ဒီလောက် အချိန်ကြာကြာစိုက်ကြည့်ဖူးရဲ့လားဆိုတာ ခွန်းကိုယ်တိုင်တောင် မမှတ်မိတော့ပါ ။ ဖုန်းရဲ့ ဘယ်ဘက်ထောင့်မှာရှိတဲ့ နာရီပြမှတ်ရဲ့ နံပါတ်စဉ်တွေက တစ်ခုပြီး တစ်ခု ပြောင်းသွားပေမယ့် အဲဒီ့ chat ထဲကနေပြီး မထွက်မိသေးဘူး ။ အဲဒီ့နည်းတူ စာတစ်လုံးတစ်လေလောက်ကိုတောင် မရိုက်နှိပ်မိသေးဘူး ။

" သွင် "

ပို့လိုက်မိပြီးမှ ဘယ်စာလုံးကို ထပ်ပြီး နှိပ်ရမလဲဆိုတာ မသိတော့ဘူး ။ ဖုန်းကို ကိုင်ထားတဲ့ လက်ချောင်းတွေတောင် တုန်ရီလာရတယ် ။

" ဟုတ်ကဲ့ ပြောပါ " 

လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး ရှိသမျှ သတ္တိတွေ အားလုံးကို စုပေါင်းလိုက်တယ် ။

" ထမင်းစားပြီးပြီလား "

" အချိန်ကိုလည်း ကြည့်ဦး "

" အိုး "

နေ့လည်စာစားချိန်တောင် ကျော်လွန်နေပြီပဲ ။ တကယ်ဆို ပြောချင်တာ အဲဒါတွေမှ မဟုတ်တာ ။

" မနေ့က ဌာနမှူးနဲ့ ပါချုပ်ကို သွားကန်တော့တာလေ ၊ မုန့်ဖိုးတွေ ရလာတယ် "
" အဲဒါ မုန့်သွားစားမလို့ပေမယ့် အဖော်မရှိလို့ "

မနေ့က သွားကန်တော့တာကို ဘယ်ကနေ ဘယ်လို သတင်းရသွားမှန်း မသိတဲ့ သူငယ်ချင်းတွေရဲ့ မုန့်ဝယ်ကျွေးဆိုပြီး ပို့ထားတဲ့ စာတွေကိုတော့ ခွန်းဟာ အဲ့သလိုပဲ လျစ်လျှူရှုလိုက်ပါတယ် ။

" သွင် လိုက်ခဲ့မလားလို့ "

မိုချိရဲ့ လက်ထဲမှာ ဖွတ်ဖွတ်ညပ်ညပ်ကြေတော့မယ့် ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်လာမိတယ် ။ ချိုဝင်းက တကယ်လုပ်တာပေမယ့် မတတ်နိုင်ဘူး ။

" ဒါဆို မင်း ရှင်းရမှာနော် "

" ရှင်းပေးချင်လို့ ခေါ်တဲ့ဟာကို "

" အခု လာခဲ့မယ် "

" ရက်စ် "

ဗီဒိုထဲက အင်္ကျီတွေကို ဆွဲထုတ်ပြီး ရေချိုးခန်းထဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဝင်သွားတဲ့ ခွန်းကို တစ်စုံတယောက်က မြင်ရင်တော့ ရေချိုးရမှာကို အရမ်းသဘောကျတဲ့လူလို့ ထင်ကောင်း ထင်သွားနိုင်ပါတယ် ။ 

ချစ်ခြင်းသွင်ပြင်Where stories live. Discover now