နှစ်သစ်ကူးမယ့် မနက်ခင်းဟာ အရင်ရက်တွေထက်တောင် အေးစိမ့်လို့နေပါတယ် ။ အိပ်ရာနိုးရင် ဝရန်တာမှာ အကြောဆန့်လေ့ရှိတဲ့ ခွန်းတောင် အပြင်မထွက်နိုင်လောက်တဲ့အထိပဲ ။
" ဖေဖေရော "
မေမေက သူ့ရဲ့ အိတ်ကို ပြင်ဆင်နေတာကို ရပ်လိုက်ပြီး ခွန်းကို ကော်ဖီထည့်ပေးတယ် ။ ဒီနေ့တော့ မေမေ နောက်ကျမယ် ထင်ပါရဲ့ ။
" ကျောင်းမှာ ကျောင်းသားကျောင်းသူဆောင်တွေ နှစ်သစ်ကူးပွဲရှိလို့ဆိုပြီး သွားတယ် ၊ နောက်ကျမှာမို့လို့ ဒီနေ့ ပြန်မလာဘူးတဲ့ ။ မေမေလည်း နောက်ကျမှာ ခွန်းခွန်း ၊ မနေရဲရင် ချိုဝင်းကို မေမေ ဝင်ပြောပေးခဲ့မယ်လေ "
" ရတယ် ၊ ညနေစောင်းလောက်မှ လှမ်းခေါ်လိုက်မယ် ။ ပြီးတော့ အရမ်းညနက်မယ်ဆိုရင် ပစ္စည်းတွေပါပါမှာဆိုတော့ ဆိုင်မှာပဲ အိပ်လိုက်မလား မေမေ ၊ အန္တရာယ်များတယ် ပြန်လာမယ်ဆိုရင် "
မေမေက ခွန်းရဲ့စကားကို စဉ်းစားနေဟန်နဲ့ ခဏအကြာမှာတော့ ခေါင်းငြိမ့်ပြတယ် ။
" အင်းပါ သိပ်ညမနက်ရင်တော့ ပြန်လာခဲ့မယ် ၊ တကယ်လို့ မလာဖြစ်ဘူးဆိုရင် သူငယ်ချင်းကို ခေါ်အိပ်နော် ခွန်းခွန်း "
မေမေ့စကားကို ခေါင်းငြိမ့်ပြပြီး လက်ကျန်ကော်ဖီကို မော့သောက်လိုက်တယ် ။ ခုံပေါ်တင်ထားတဲ့မေမေ့ရဲ့ အိတ်ကို ဆွဲပြီး ကားနားအထိ လိုက်ပို့လိုက်တယ် ။
" ဪ မေမေ "
" ရှင် "
" ခွန်းစဉ်းစားနေတာလေ ၊ ခွန်း နောက်နေ့တွေကျ မေမေနဲ့အတူ အလုပ်လိုက်ခဲ့ရင် ကောင်းမလားလို့ "
" အို ကောင်းတာပေါ့ ခွန်းခွန်းရဲ့ ၊ မေမေ့သမီးလေး လိုက်လာရင် မေမေက ပိုတောင် သဘောကျသေးတယ် ။ သမီးဖေဖေကတော့ မနာလိုဖြစ်နေတော့မှာပဲ "
မေမေ့စကားကို ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်တယ် ။ ကားထွက်သွားမှ ခြံတခါးကို ပိတ်ပြီး အိမ်ထဲကို ပြန်ဝင်လာခဲ့တယ် ။
အိမ်မှာ ရှင်းလင်းစရာရှိတာတွေ ပြီးတဲ့အချိန် အတွေးထဲ ဝင်လာတာက သွင် ပဲ ။ အမျိုးသမီးရဲ့ ပုံရိပ်တွေနဲ့ ဆက်ပြီးရှင်သန်ရတော့မယ့် အဖြစ်ကို ထိတ်လန့်သွားမိတယ် ။ တကယ်လို့ သွင်က အဆုံးထိ ခွန်းကို မချစ်ရက်ခဲ့ရင်ရော .... ?
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Любовные романыအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။