" ခေါက်ဆွဲထုတ်တွေ မဝယ်နဲ့နော် ၊ ညဘက်စားဖို့ဆို ကျွန်မ ဝယ်ပေးထားတဲ့ မုန့်တွေပဲ စား "
ဖုန်းကို နားမှာ ကပ်ထားရင်းနဲ့ ခြင်းထဲ ထည့်ပြီးသား ခေါက်ဆွဲထုတ်တွေကို ပြန်ထုတ်လိုက်ရတယ် ။
" မဝယ်ပါဘူး မင်းကလည်း "
" ပြောတာပဲ ၊ ဒီနေ့ မေမေသာ အလုပ်ကို ခေါ်မသွားရင် ကျွန်မ လိုက်ဝယ်ပေးမှာ "
" ကလေးလေးမဟုတ်ပါဘူးဆို ၊ လိုက်ပူနေတော့တာပဲ "
" ကလေးလေးဆိုရင် မလုပ်ရဘူးနော်လို့ ပြောလိုက်ပြီးနေပြီ ၊ အခုက လူကြီးလေးဖြစ်နေလို့ ခက်တာ "
ခွန်းရဲ့ စကားတွေကို သဘောတကျနဲ့ ရယ်မောလိုက်မိတယ် ။ ကျွန်မရဲ့ ခွန်းက သိပ်လူကြီးဆန်တာပါဆို ။
" ဖုန်းချတော့မယ် လိပ်ကလေး ၊ မင်းက လူကြီးလေးလို ပွစိပွစိနဲ့ ၊ ဒီမှာ အာရုံတွေ များပြီး ဝယ်ရမယ့် ပစ္စည်းတွေ ရောကုန်ပြီ "
" အာရုံမများပါဘူး ၊ သွင့်ရဲ့ အာရုံက တစ်ယောက်တည်းဟာကို "
" မင်းကတော့လေ "
ဟက်ခနဲ ရယ်ချလိုက်တော့ ခွန်းဆီက ရယ်သံတစ်ချို့ကိုလည်း ကြားရတယ် ။ အိမ်ပြန်ရောက်မှ ပြန်ဆက်မယ့်အကြောင်း အသိပေးပြီး ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်တယ် ။
ကျွန်မလက်ထဲက ခြင်းထဲကို ခေါက်ဆွဲထုတ်တစ်ချို့ လာထည့်တာကြောင့် မော့ကြည့်လိုက်မိတော့ အမရာက ပြုံးတုံ့တုံ့အမူအရာနဲ့ ကျွန်မကို ကြည့်နေတယ် ။
" စားနေကျကို မေ့ခဲ့လို့ ဘယ်ဖြစ်ပါ့မလဲ သွင်ရဲ့ "
ခေါက်ဆွဲထုတ်တွေကို ပြန်ထုတ်ပြီး နေရာတကျ ပြန်ထားလို့ သူ့အနားကနေ ခပ်မြန်မြန် ထွက်လာခဲ့ပေမယ့် သိပ်မကွာတဲ့ ခြေလှမ်းတွေရဲ့ နောက်မှာ အမရာက ကပ်ပါနေတုန်းပဲ ။ ခြေသံတွေကြားနေရရင် စိတ်အေးစေတာက ခွန်း ကျွန်မရဲ့ နံဘေးမှာ ကပ်ပါနေတဲ့ အချိန်ပဲ ရှိတာ ။
YOU ARE READING
ချစ်ခြင်းသွင်ပြင်
Storie d'amoreအချစ်ရဲ့ အသွင်အပြင်ဟာ ဆံပင်နီညိုရောင်တွေကို လက်နဲ့ မကြာခဏ သပ်တင်လေ့ရှိပြီး ... အချစ်ဟာ ခပ်ထေ့ထေ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တယ် ။
