၁၂

1.9K 218 13
                                    

ခွန်း အိပ်ရာနိုးတော့ အနားမှာ သွင် မရှိတော့ဘူး ။ ဒါပေမယ့် မနေ့ညက နီးနီးကပ်ကပ်ရခဲ့တဲ့ လာဗင်ဒါအနံ့ကတော့ စွဲကျန်နေတုန်းပဲ ။

အခန်းတံခါးကို ဖွင့်လိုက်တဲ့အသံကို ကြားလိုက်တာကြောင့် မျက်လုံးတွေကို ပြန်မှိတ်လိုက်မိတယ် ။ မကြာခင်မှာပဲ ခွန်းနဲ့ နီးကပ်တဲ့နေရာဆီကနေ အသက်ရှူသံတစ်ချို့ကို ကြားလိုက်ရတယ် ။

" ဟိတ် ငဂျစ် "

မျက်လုံးတွေကို ဖွင့်လိုက်အချိန်မှာ အလှတရားတစ်ခုက မျက်စိရှေ့မှာ ထင်းထင်းလင်းလင်းထွက်ပေါ်လာတယ် ။

" ဆက်အိပ်စေချင်ပေမယ့် တို့ အလုပ်သွားရမှာမို့လို့လေ ၊ ထတော့ မနက်စာပြင်ပေးထားတယ် "

" ကျွန်မကို အိမ်ပြန်ပို့မှာလား သွင် "

" လမ်းဘေးမှာတော့ မင်း မနေချင်လောက်ပါဘူး "

သွင့်ရဲ့ စကားကြောင့် ရယ်လိုက်မိတယ် ။ မနက်ခင်းမှာတောင် ဒီအမျိုးသမီးကြောင့် ရယ်မောနေရတာပဲ ။

" အိမ်ပြန်ရမှာပေါ့ ၊ ဆရာ ဘယ်လောက် စိတ်ပူနေလောက်မလဲလို့ "

" သွင်ပဲ ခေါ်ထားလိုက်ပါလား "

" ကလေး မချစ်ပါဘူးဆိုနေ "

" ကလေး မဟုတ်ပါဘူးဆိုနေ "

သွင်က ရယ်ရင်းနဲ့ ခွန်းရဲ့ ဆံပင်တွေကို ထိုးဖွလာပြန်တယ် ။ ဒီအမျိုးသမီးက ဘယ်လို အစွမ်းအစတွေကြောင့်နဲ့ ခွန်းကို ဒီလောက် ဆွဲဆောင်နိုင်ရတာပါလိမ့် ။

" မနက်စာ ပြင်ပေးထားတယ် "

" ခေါ်ထားပါဆိုနေ "

" ကလေး မချစ်ဘူးလို့ဆိုနေ "

-

သွင်က ကားတံခါးကို ဆွဲဖွင့်ရင်း ခွန်းကို လှမ်းကြည့်တယ် ။ သွင် အလုပ်လုပ်တယ်ဆိုတဲ့ ရုံးရှေ့ကို ရောက်လာပြီ ဖြစ်ပြီး သွင်က မနေ့ညက ပြင်ဆင်ထားတဲ့ ဖိုင်တွေကို သွားပို့ရမယ်လို့ သိရတယ် ။

" မဖြစ်သေးပါဘူး ၊ လာ လိုက်ခဲ့ "

ဒီလိုနဲ့ ခွန်းဟာ ယောင်တောင်တောင်နဲ့ ရုံးထဲအထိ ပါလာရတယ် ။ လမ်းတစ်လျှောက်မြင်နေရသမျှက ခွန်းအတွက် စိမ်းသက်နေလွန်းတယ် ။ ဓာတ်လှေကားထဲ ရောက်တော့ လူတွေများနေတာကြောင့် သွင့်ရဲ့ အနောက်ကို ပိုပိုသာသာလေး တိုးကပ်မိတယ် ။ သွင်က ဖျက်ခနဲ လှည့်ကြည့်ပြီး အရှေ့ကို ပြန်လှည့်သွားတယ် ။ ပြီးတော့ ဖိုင်တွေ မကိုင်ထားတဲ့ လက်တစ်ဖက်ကို နောက်ပစ်ပြီး ခွန်းရဲ့ လက်ကို လှမ်းဆွဲတယ် ။

ချစ်ခြင်းသွင်ပြင်Where stories live. Discover now