Chapter - 73 [ကောက်ကျစ်သော အစီအစဉ်]

650 74 2
                                    

Chapter - 73 [ကောက်ကျစ်သော အစီအစဉ်]

လမင်းကြီး မြင့်တက်လာပြီး သူ့ရဲ့ကြည်လင်တောက်ပနေသော အလင်းရောင်တွေကို မြေပြင်ပေါ်သို့ ထုတ်လွှတ်နေလေတယ်။ ထိုအချိန်တွင် ချူကျင်းဇီတစ်ယောက် အပြင်ကိုထွက်သွားလိုက်သည်။

လူမိုက်လေးယောက်က ရွာအဝင်တွင် စောင့်ဆိုင်းနေကြ၏။

ချူလိုင်ပီနှင့် ချူပေပေတို့တွင် အကြောက်တရားများ စွဲကျန်နေသေးသောကြောင့် စိတ်ရှည်စွာစောင့်နေခဲ့ကြပါသည်။ အခြားနှစ်ယောက်ဖြစ်သော ကျန်းလိုင်ဇီနှင့် ရှုရှားလျူတို့အတွက်ကတော့ စိတ်မရှည်ဖြစ်ကာ ဒေါသထွက်နေကြလေတယ်။

ကျန်းလိုင်ဇီသည် သူ့လက်က ခြင်ကိုဖြန်းကနဲရိုက်ကာ မပျော်မရွှင်ပြောလိုက်သည်။
"ချူလိုင်ပီ...ချူကျင်းဇီက ဘာလို့ရောက်မလာသေးတာလဲကွ"

"စိတ်ရှည်ရှည်နဲ့စောင့်ပါကွာ...စကားမပြောနဲ့...ဂရုစိုက် မဟုတ်ရင် မင်းအရိုက်ခံရလိမ့်မယ်"

"သူမသာ ငါ့ကိုရိုက်ရဲရင် သူ့လက်မောင်းကိုချိုးပစ်လိုက်မယ်..."

သို့သော် ချူလိုင်ပီနှင့် ချူပေပေတို့၏ အရေပြားပေါ်ရှိ မရေမတွက်နိုင်သော သွေးထွက်နေသည့် ဒဏ်ရာများကို မြင်လိုက်ရသောအခါတွင် သူ၏ မောက်မာမှုတွေက အနည်းငယ်အားနည်းသွားတော့သည်။

"ငါတို့ရောက်နေပြီဆိုမှတော့ စောင့်လိုက်ကြတာပေါ့ ငါတို့အဲဒီကလေးမလေးနဲ့ တွေ့ရတော့မှာပဲ"

ကျန်းလိုင်ဇီက ဘာမှထပ်မပြောခဲ့ချေ။ သူ့ပါးစပ်ကို ပိတ်လိုက်တဲ့အချိန်မှာပဲ အရပ်ရှည်ရှည်နှင့် လှပသောမိန်းကလေးတစ်ယောက် ရောက်ရှိလာ၏။ သူ့မျက်လုံးတွေ ပြူးကျယ်သွားလေသည်။ 

ရှုရှားလျူသည်လည်း သူမကို အံ့ဩတကြီးကြည့်လိုက်သည်။ ချူကျင်းဇီက ဒီလောက်လှလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပါဘူး။

"ကောင်မလေး မင်းရောက်လာပြီပေါ့"

ဖြန်း!

နောက်တစ်စက္ကန့်တွင်ပဲ ရှုရှားလျူသည် ပါးရိုက်ခံလိုက်ရကာ သူ့ခန္ဓာကိုယ်သည်လည်း လှပသောသဏ္ဍာန်ဖြင့် လွင့်ထွက်သွားလေ၏။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now