Chapter - 75 [ကိုယ်တိုင်လာရောက် တောင်းပန်ခြင်း ]

972 101 5
                                    

Chapter - 75 [ကိုယ်တိုင်လာရောက် တောင်းပန်ခြင်း ]

ချူကျင်းဇီ အိမ်သို့ပြန်ရောက်လာခဲ့သည်။ သားရဲခြောက်ကောင်မှာ တောဝက်နှစ်ကောင်အား ခြံနောက်တွင် နေရာချထားပြီးနောက် သူမက သူတို့ကို ဝိဉာဉ်စွမ်းအင်အနည်းငယ်ပေးကာ တောင်ပေါ်ပြန်လွှတ်လိုက်သည်။

ထို့နောက် သူမက လီချင်းယူနှင့် ချူရုံတို့၏အခန်းသို့သွားကာ တံခါးခေါက်လိုက်သည်။

"အဖေ အမေ ခြံထဲမှာ တောဝက်တွေရှိနေပြန်ပြီ"

"အား" လီချင်းယူ၏ မယုံကြည်နိုင်အောင် စိတ်လှုပ်ရှားနေသောအသံမှာ အခန်းထဲမှ ထွက်ပေါ်လာလေ၏။ ခနနေတော့ သူမက ချူကျင်းဇီကို တံခါးဖွင့်ပေးလိုက်ပြီး "ကျင်းဇီ သမီးပြောတာ တောဝက်တွေရှိနေပြန်ပြီ ဟုတ်လား"

ချူကျင်းဇီက ခေါင်းညိမ့်ပြကာ ဘေးဖယ်ပေးလိုက်သည်။

"အမေ သွားကြည့်ကြည့်လိုက်"

လီချင်းယူ ခြံနောက်သို့ အမြန်ဆင်းသွားလိုက်၏။

ထိုအချိန်တွင် ချူရုံလည်း အခန်းထဲမှထွက်လာလေသည်။ အဘွားချူ၊ အဘိုးချူနှင့် အခြားသူများလည်း ထွက်လာကြသည်။ အကုန်ထွက်လာပြီးနောက် ခြံနောက်သို့ အမြန်ပြေးကြည့်ကြတော့သည်။

ချူကျင်းဇီကတော့ သူတို့နောက်မှ ဖြည်းဖြည်းချင်းလိုက်ပါလာခဲ့၏။

သူမ ခြံနောက်ကိုရောက်သည်နှင့် လီချင်းယူက ပျော်ရွှင်ခြင်း စိတ်ပူခြင်းတို့ ရောနှောနေသော အမူအရာနှင့် သူမကိုကိုင်ကာ မေးလိုက်သည်။ "ကျင်းဇီ သမီးတောဝက်တွေ ဘယ်လိုရောက်လာတာလဲဆိုတာကို မြင်လိုက်သေးလား"

ချူကျင်းဇီက ရှုပ်ထွေးစွာ ခေါင်းခါပြလိုက်သည်။

"ကျွန်မမသိဘူး ဒီကိုရောက်လာတော့ တောဝက်တွေက ရှိနေနှင့်ပြီ"

"ဖြစ်နိုင်တာက နောက်ထပ်လေနဲ့ပါလာတာပဲလား" အဘွားချူက ပျော်ရွှင်နေပြီး နူးညံ့စွာပြောလိုက်သည်။

"ငါလည်းအဲဒီလိုထင်တာပဲ မဟုတ်ရင် ဘယ်လိုမျိုးဖြေရှင်းချက်ရှိသေးလို့လဲ" အဘိုးချူလည်း ပျော်ရွှင်စွာ ဝင်ပြောလိုက်တယ်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now