Chapter - 76 [အံ့ဖွယ်ဖြစ်ရပ်]

542 71 0
                                    

Chapter - 76 [အံ့ဖွယ်ဖြစ်ရပ်]

လီရှန်းဖန်း ရှေ့တိုးလာပြီး သူ့လက်ထဲက လက်ဆောင်တွေ အဘိုးချူကို ပေးလိုက်တယ်။ သူက အပြစ်ရှိစွာ ပြုံးလိုက်ရင်း "အဘိုးချူ ကျွန်တော်လာတွေ့ပါတယ်ခင်ဗျ ဒါကလက်ဆောင်အသေးလေးပါ ကျေးဇူးပြုပြီး လက်ခံပေးပါနော်"

အဘိုးချူက လက်ဆောင်တွေကို ပြန်တွန်းထုတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။
"ငါမင်းရဲ့လက်ဆောင်တွေကို လက်ခံမှာမဟုတ်ဘူး"

"အဘိုးချူ လက်ခံပေးပါဗျာ ကျွန်တော် အဘိုးတို့ကို အရင်ကတည်းက လာတွေ့ခဲ့သင့်တာပါ ဒါပေမယ့် အလုပ်တွေအရမ်းရှုပ်​လို့ နောက်ကျသွားပါတယ် ခွင့်လွှတ်ပေးပါနော်" လီရှန်းဖန်းက လက်ဆောင်တွေကို ပြန်တွန်းပေးလိုက်ပေမယ့် ထပ်ငြင်းပယ်ခံလိုက်ရပြန်၏။ အခြေအနေတွေက အရမ်းကို ကို့ယို့ကားယားဖြစ်သွားလေသည်။

"လီရှန်းဖန်း ဒီကိုဘာကိစ္စရောက်လာတာလဲဆိုတာသာ ပြောစမ်းပါ ငါတို့မိသားစုက အခုလုပ်ငန်းကိစ္စတွေနဲ့ ရှုပ်နေပြီ မင်းနဲ့စကားပြောဖို့အတွက် အချိန်မရှိဘူး" အဘိုးချူက အေးစက်စွာ ပြောလိုက်သည်။

လုပ်ငန်းလား? ဘာလုပ်ငန်းလဲ?

"အဘိုးတို့က ဘာလုပ်ငန်းလုပ်နေကြတာလဲ"လီရှန်းဖန်း မသိစိတ်ဖြင့်မေးလိုက်မိသည်။

"ငါတို့မိသားစုက အခုရေခဲချောင်းရောင်းနေတာပဲ ရွာထဲကဆောက်နေလက်စ အိမ်ကိုတွေ့ခဲ့တယ်မလား အဲတာလည်းငါတို့အပိုင်ပဲ"

လီရှန်းဖန်း ရွာထဲကို ဝင်လာတုန်းက လူအုပ်ကြီးတစ်စု အိမ်ဆောက်နေသည်ကို တွေ့ခဲ့ပါသည်။ သူက ဘယ်လိုလူမျိုးက ဒီလိုအိမ်အကြီးကြီး ဆောက်နိုင်လောက်အောင် ချမ်းသာရတာလဲလို့ တွေးတောနေခဲ့တာဖြစ်ပါသည်။ အဲတာက ချူရုံရဲ့အိမ်ဖြစ်နေလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပါချေ။ အရမ်းအံ့ဩစရာပဲ။

အဘိုးချူသည် လီရှန်းဖန်းကိုကြည့်ရင်း စိတ်အနှောက်အယှက်ဖြစ်နေ၏။
"ငါတို့မိသားစုက အလုပ်အရမ်းရှုပ်တယ် မင်းမှာပြောစရာမရှိရင် ထွက်သွားတော့"

လီရှန်းဖန်းလည်း သတိပြန်ဝင်လာခဲ့သည်။ ဒါက သူစစ်တပ်ထဲကိုဝင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် အေးစက်စွာ ဆက်ဆံခံရခြင်းဖြစ်သည်။ သူက ဒေါသထွက်သွားပေမယ့် မှားတဲ့သူဖြစ်နေတာကြောင့် ရွေးချယ်စရာမရှိဘဲ သူ့စိတ်ကို ချိုးနှိမ်ထားခဲ့ရသည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now