Chapter - 78 [ အန္တရာယ်ရှိသော တောမီးလောင်မှု ]
ထို့နောက် ချူကျင်းဇီသည် ရှုရွာသို့သွားလိုက်ပြီး ရေအရင်းမြစ်ကိုလည်း အောင်မြင်စွာ ရှာတွေ့ခဲ့သောကြောင့် ငွေဆယ်တေးလ် လက်ခံရရှိခဲ့ပြန်သည်။ သို့သော် ချူကျင်းဇီတွင် ရွာသားများလက်ဆောင်ပေးလာသည့် ပစ္စည်းများထပ်ထည့်ရန် နေရာမလုံလောက်တော့တာကြောင့် တစ်ခုမှလက်မခံခဲ့ပါချေ။
သူမှ သုံးခုမြောက်ရွာကို ရောက်လာသည့်အချိန်တွင် နေ့လည်စာစားချိန်ရောက်နေပြီဖြစ်သည်။ ရွာသူကြီးသည် သူမကို နွေးထွေးစွာဆက်ဆံပြီး သူမအားဧည့်ခံရန် စားပွဲအပြည့် အစားအသောက်ကောင်းများကို ပြုလုပ်ခဲ့သည်။
ရွာခြောက်ရွာအနက် ငါးရွာ၏ရေပြဿနာမှာ ပြီးပြည့်စုံစွာ ဖြေရှင်းပြီးသွားလေတော့သည်။
ရွာသူကြီးကျိုးဟာ ရွာသူကြီးများအနက် အသက်အကြီးဆုံးဖြစ်ပေမယ့် အသက်ခြောက်ဆယ်သာရှိသေးပြီး အလွန်ကျန်းမာပါသည်။
သူက ချူကျင်းဇီ၏အရည်အချင်းများကို မြင်ခဲ့ပြီးဖြစ်သဖြင့် သူမကို နှလုံးသားတစ်ခုလုံးနှင့်ရင်းပြီး လေးစားလေ၏။ "မိန်းကလေးချူ မင်းကြောင့်သာမဟုတ်ရင် ငါတို့ဘာလုပ်ရမှန်းကို သိမှာမဟုတ်ပါဘူး"
သူမကပြုံးလိုက်ပြီး လက်ရမ်းကာပြလိုက်သည်။
" ကျွန်မကလူတွေကို ကူညီဖို့တတ်နိုင်တဲ့ အရာလေးတွေကိုပဲ လုပ်ပေးနေတာပါရှင်"
ရွာသူကြီးကျိုးက မနေနိုင်တော့ပဲ စူးစမ်းချင်စိတ်ကြောင့် မေးလိုက်မိသည်။
"မိန်းကလေးချူ မင်းဖုန်းရွှေပညာအကြောင်းသိလား"
ချူကျင်းဇီက ခေါင်းညိတ်ပြလိုက်သည် "ကျွန်မ အရင်တုန်းက သင်ဖူးပါတယ်...ဒါပေမယ့် ဆရာသခင်တစ်ယောက်တော့ မဟုတ်ဘူး" သူမသည် နေရာအများစုတွင် ဟိုစပ်စပ်ဒီစပ်စပ်လေ့လာဖူးသော်လည်း အရမ်းအလေးအနက်ကြီး မသင်ကြားဖူးချေ။ ဘာကြောင့်လဲဆိုတော့ အချိန်အဲဒီလောက် မအားလပ်လို့ပင်။
ရွာသူကြီးကျိုးကတော့ ချူကျင်းဇီ နှိမ့်ချနေတယ်လို့သာ ထင်မိလေသည်။ "မင်းသာ ဆရာသခင်တစ်ယောက်မဟုတ်ဘူးဆိုရင် ဘယ်သူကဖြစ်နိုင်တော့မှာလဲ မင်းက ရေအရင်းမြစ်ကိုလည်း အချိန်တိုင်းမှာ တွက်ချက်ပေးနိုင်တယ်...တစ်ယောက်ကမှ မင်းလောက်မတော်ကြပါဘူး"
YOU ARE READING
လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1
FantasyI don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance