Chapter - 77 [ ရေအရင်းအမြစ်ရှာဖွေခြင်း ]

482 67 0
                                    

Chapter - 77 [ ရေအရင်းအမြစ်ရှာဖွေခြင်း ]

ချူရွာအနီးတွင် ရွာခြောက်ရွာရှိပါသည်။ ယနေ့မှာတော့ ထိုရွာခြောက်ရွာမှ ရွာသူကြီးခြောက်ဦးက ချူရွာသူကြီးထံသို့ ရောက်ရှိလာကြ၏။ သူတို့မျက်နှာတွေမှာလည်း မည်းမှောင်ပြီး စိုးရိမ်နေသော အမူအရာများရှိနေကြသည်။

ရွာသူကြီးချူသည် သူတို့အား ဖော်ရွေစွာ ကြိုဆိုလိုက်ပြီး အဓိကခန်းမတွင်ထိုင်ခိုင်းလိုက်သည်။

"ဘာကိစ္စကြောင့် ရောက်လာကြတာတုန်း"

ကျန်းရွာမှ ရွာသူကြီးက ခါးသီးစွာ ပြောလိုက်သည်။

"ဒီနယ်တစ်ဝိုက်မှာ မင်းတို့ရွာပဲ ရေလုံလုံလောက်လောက်ရတယ်...ငါတို့မှာ မင်းကလွဲလို့ ဘယ်သူ့ကိုရှာနိုင်မှာလဲ"

ရွာသူကြီးချူက သူတို့ဆိုလိုချင်တာကို ချက်ချင်းနားလည်သွား၏။ မိုးမရွာခဲ့သည်မှာ နှစ်လ သုံးလရှိနေပြီး နေမင်းကြီးမှာ မြေပြင်ပေါ်သို့ နေ့တိုင်း တောက်လောင်ပေးနေခဲ့သည်။ လူတိုင်းမှာလည်း ရေပြတ်လပ်​နေကြ၏။

"မင်းတို့ ချူရွာကနေ ရေသယ်ဖို့ စီစဉ်နေကြတာလား"

ရွာသူကြီးရှုက လက်ကာပြပြီး ပြောလိုက်သည်။ "မဟုတ်ပါဘူးကွာ...ငါတို့ကြားတာ မင်းတို့ရွာက တစ်ယောက်ယောက်က ရေအရင်းမြစ်ရှာနိုင်တယ်ဆို...မင်းသူ့ကို အကူအညီများတောင်းပေးနိုင်မလားလို့...ဒါပေါ့  ငါတို့ကငွေပေးချေမှာပါ"

ရွာသူကြီးချူက စိတ်ထဲမထားပါချေ။ ဒါပေမယ့် သူချူကျင်းဇီကိုယ်စား ဆုံးဖြတ်ချက်မချပေးနိုင်ပေ။ "ကျုပ်ဒီကိစ္စကို သဘောတူပေမယ့် သဘောတူမတူကတော့ သူ့အပေါ်မူတည်တယ်နော်"

ကျောင်းရွာမှ ရွာသူကြီးက စိတ်ဖိစီးကာ ပြောလိုက်၏။

"အစ်ကိုချူ သူ့ကိုသာ တွေ့ဖို့ ခေါ်သွားပေးပါ...ကျွန်တော်တို့ ကိုယ်တိုင်မေးကြည့်လိုက်မယ်"

ဒီကိစ္စက လူအယောက် တစ်သောင်းကျော်ရဲ့ဘဝတွေနဲ့ သက်ဆိုင်နေတယ်။ ရွာသူကြီးချူက မနှောင့်နှေးစေရဲပါဘူး။

"ကောင်းပြီ ငါ့နောက် လိုက်ခဲ့ကြ"

တိုက်ဆိုင်စွာဖြင့် သူတို့ချူကျင်းဇီအိမ်နားကို ရောက်တဲ့အခါတွင်ပဲ ချူကျင်းဇီတစ်ယောက် ချူကျင်းယွဲ့ကိုပို့ပြီး ပြန်လာသည်နှင့် ဆုံလေ၏။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now