Chapter - 79 [ လိုက်ဖက်သောစုံတွဲ ]

394 54 0
                                    

Chapter - 79 [ လိုက်ဖက်သောစုံတွဲ ]

အဒေါ်သည် အခန်းတွင်းသို့ ဇလုံတစ်ခုနှင့် ဝင်လာခဲ့သည်။
"မိန်းကလေး ရေအဆင်သင့်ဖြစ်ပါပြီ"

ချူကျင်းဇီက ခေါင်းညိမ့်ပြလိုက်သည်။
"အဒေါ် အိမ်မှာဝါဂွမ်းအသစ်လေးတွေ ရှိလားရှင့်"

ထိုအဒေါ်သည် ပုံမှန်အားဖြင့် ကပ်စေးနဲသော်လည်း သူမက လူငယ်၏အဝတ်ပေါ်မှ သွေးများကို  မြင်လိုက်ရသော် တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ ဘဝတစ်ခုကို ကယ်တင်ခြင်းက ခုနစ်ထပ်ဘုရားကြီးကိုဆောက်ရသည်ထက် ပို၍ကုသိုလ်ရပါသည်

"ကောင်းပြီ ငါမင်းအတွက် သွားယူပေးမယ်"

ချူကျင်းဇီက သွေးထွက်ခြင်းနှင့် ရောင်ရမ်းခြင်းကို ရပ်တန့်သွားစေရန် ဆေးပင်တွေကို လှည့်ပတ်ရှာခဲ့သည်။

ဆေးပင်များရှာပြီးနောက် သူမက အဒေါ်၏အိမ်ကို ချက်ချင်းပြန်လာလေသည်။

ထိုအဒေါ်က သူမကို ဝါဂွမ်းကိုကမ်းပေးလိုက်သည်။

"မိန်းကလေး ဒီလောက်ဝါဂွမ်းဆို လုံလောက်ပြီထင်လား...မလောက်ရင် အိမ်နီးချင်းတွေဆီသွားပြီး ချေးငှါးပေးမယ်လေ"

ချူကျင်းဇီက တစ်ချက်ကြည့်လိုက်သည်။ ဝါဂွမ်းထည်က သုံးပေလောက်ရှည်ပါသည်။ "လုံလောက်ပါတယ် အဒေါ် ကျွန်မအခု သူ့ဒဏ်ရာကို ဆေးစည်းပေးရမယ် ကျွန်မကို ဆေးပင်တွေ ကျိုပေးလို့ရမလားဟင်"

အဒေါ်က အဆင်တသင့် သဘောတူလိုက်သည်။
"ကောင်းပါပြီ ဆေးကျိုတာကို ငါ့တာဝန်သာထားလိုက်"

လူငယ်ဟာ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်နေ၏။ ချူကျင်းဇီ အခန်းတွင်းသို့ ဝင်လာသောအခါ ထိုလူသည် သွေးတစ်လုတ် အန်ထုတ်လိုက်ရတယ်။

ချူကျင်းဇီက ပြေးသွားလိုက်ပြီး သူမရဲ့လက်ဖဝါးဖြင့် လူငယ်၏ရင်ဘတ်ကို ညင်သာစွာ ဖိတင်လိုက်သည်။ ဝိဉာဉ်စွမ်းအင်များကို သူ့ကိုယ်တွင်းသို့ ဖြန့်ကျက်ပေးလိုက်ခြင်းပင်။ သူမရဲ့စွမ်းအင်တွေကို နံရိုးများဆီကိုလည်း ပြန်၍ကြီးထွားလာစေရန် ဦးတည်စေလိုက်သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now