Chapter- 74 [ လူအိုကြီး ]

601 71 0
                                    

Chapter- 74 [ လူအိုကြီး ]

ချူကျင်းဇီနှင့် ထန်ကျင်းဟုန်တို့ ဘေးချင်းကပ်ရပ်နေခဲ့ကြသည်။ တစ်ယောက်က ပိန်ပါးသွယ်လျပြီး အခြားတစ်ယောက်က အရပ်ရှည်ကာ ချောမောလှသည်။ သူတို့နှစ်ယောက်ကိုကြည့်ရတာ ထိုမြင်ကွင်းတွင် နစ်မြုပ်နေကြဟန်ပင်။

"ရှင်က အမြင့်မှာရပ်နေရတဲ့ ခံစားချက်ကိုကြိုက်တာလား"

ချူကျင်းဟုန်က ခနလောက် တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလိုက်သည်။

"အဲဒီလိုရယ်တော့မဟုတ်ပါဘူး ဒါပေမယ့် တစ်ကယ်လို့......အတူဝေမျှဖို့ တစ်ယောက်ယောက်သာရှိမယ်ဆိုရင် မဆိုးပါဘူး"

ဒီလူက တစ်ခုခုကို အရိပ်အမြွက်ပေးနေတာလား။ ချူကျင်းဇီက သူ့ကို စိတ်ရှုပ်ထွေးစွာမေးလိုက်၏။ "ရှင်ဘာလို့ ခုထိလက်မထပ်ရသေးတာလဲ" ဤခေတ်ကာလနဲ့ဆိုရင် ထန်ကျင်းဟုန်ကို လူအိုကြီးတစ်ယောက်လို့တောင် တွက်ယူလို့ရနေပါပြီ။ "ရှင့်ရဲ့အဆင့်အတန်းနဲ့ဆိုရင် ပြဿနာရှိနေမှာမဟုတ်လောက်ပါဘူး"

ထန်ကျင်းဟုန်က နည်းနည်းအံ့ဩသွားသည်။ ဒီကလေးမလေးက တစ်ကယ်တစ်ခုခုပဲ။ ထိုဟာက သူ့အတွက် မိန်းကလေးတစ်ယောက်ဆီမှ ပထမဆုံးမေးခွန်းထုတ်ခံရခြင်းပေ။ "ကိုယ်လည်း လက်ထပ်ချင်ပါတယ် ဒါပေမယ့် စစ်မှန်တဲ့သူကို မရှာတွေ့သေးဘူး"

ထိုအရာက သေချာပေါက်ကို ဆင်ခြေတစ်ခုဖြစ်ပါတယ်။ ချူကျင်းဇီက ထန်ကျင်းဟုန်ရဲ့ သေသပ်ချောမောလှသော မျက်နှာကို လှည့်ကြည့်လိုက်သည်။
"ရှင့်ရဲ့မျက်နှာကိုကြည့်ပြီး ရှင်နဲ့လက်ထပ်ဖို့ ကံဇာတာပါလာတဲ့ သူထွက်ပေါ်လာတော့မယ်လို့ ကျွန်မပြောနိုင်တယ်"

"မင်းကမျက်နှာဖတ်တတ်တာလား" ထန်ကျင်းဟုန် အံ့ဩသွားသည်။

ချူကျင်းဇီ ရိုးသာစွာ ခေါင်းညိတ်ပြလိုက်သည် "နည်းနည်းပါ" စူးစမ်းချင်စိတ်ကြောင့် သူမက ဗေဒင်ဟောနည်းအနည်းငယ်နှင့် မျက်နှာဖတ်ခြင်းတို့ကို သင်ယူခဲ့သော်လည်း အပေါ်ယံမျှသာဖြစ်သည်။ ထိုကဏ္ဍတွင် အထူးပြုထားသော ကျင့်ကြံသူများနှင့်တော့ နှိုင်းယှဉ်၍မရပါချေ။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now