Chapter - 80 [ လီချင်းယူ၏မိသားစု]

326 56 0
                                    

Chapter - 80 [ လီချင်းယူ၏မိသားစု]

ချူရွာတွင်...

တစ်ရွာလုံး၌ သရေကျစေသော ရနံ့များပြည့်နေပြီး လူတိုင်းကို တံတွေးမြိုချမိနေစေသည်။

"ဘာကဒီလောက်တောင် မွှေးနေရတာလဲ"

"ငါဒီလိုအနံ့ကို တစ်ခါမှမရဖူးပါဘူး"

မွှေးရနံ့ဟာ လူတိုင်းကို စူးစမ်းချင်စိတ်ကြောင့် ဆွေးနွေးမှုတွေဖြစ်သွားစေတယ်။

သရေယိုစေသော မွှေးရနံ့မှာ ချူကျင်းဇီ၏ ခြံဝန်းထဲရှိ အိုးကြီးနှစ်လုံးနှင့် မီးဖိုချောင်ရှိ အိုးကြီးထံမှ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။  အိုးတွင်းမှ အဖြူရောင် ရေနွေးငွေ့များ ထွက်နေပြီး ပတ်ဝန်းကျင်းသို့ ပျံ့နှံ့သွားပါတော့သည်။

အဒေါ်တွေက ကောက်ညှင်းထုပ်များကို ထုပ်ပြီးနောက် ချူကျင်းဇီ၏ လမ်းညွှန်ချက်အတိုင်း ပေါင်းရန် အိုးထဲတွင်ထားလိုက်ကြသည်။

အစကတော့ အရမ်းကြီး ထူးခြားမနေပါဘူး။ ဒါပေမယ့် ချက်ပြုတ်လိုက်တဲ့အခါမှာတော့ မွှေးရနံ့များက လှိုင်ထွက်လာတော့သည်။

ယခုတော့ ချက်ပြုတ်ပြီးစီးကာနီး ဖြစ်တာကြောင့် ပိုပြီးတော့တောင် သင်းပျံ့နေပါသေးသည်။

လီချင်းယူက လိုက်ကြည့်လိုက်သည်။ ချူကျင်းယွဲ့၊ ချူကျင်းရွှမ်၊ ချူရှုယွမ်၊ ချူရှုယောင်တို့အကုန် အိမ်ပြန်ရောက်နေကြပြီဖြစ်ပေမယ့် ချူကျင်းဇီကတော့ ပြန်မရောက်သေးပါချေ။ သူမက အလွန်စိတ်ပူလာပါတော့သည်။

"ယောကျ်ား ကျင်းဇီက ခုထိပြန်မလာသေးဘူး ကျွန်မသွားကြည့်လိုက်ဦးမယ်"

"ကိုယ်သွားလိုက်မယ်...မင်းနေခဲ့ပြီး အိမ်ကိုစောင့်ရှောက်ထားလိုက်နော်"ချူရုံကလည်း နည်းတူ စိတ်ပူနေခဲ့ပါသည်။

လီချင်းယူမှာ အရမ်းကိုစိတ်ပူနေပါသည်။ "ကျွန်မလည်း လိုက်ခဲ့မယ်...အိမ်မှာအခု ဘာမှလုပ်စရာမရှိတော့ဘူးလေ" အိမ်မှာအလုပ်လုပ်နေကြတဲ့သူတွေလည်း အလုပ်ဆင်းသွားခဲ့ပြီး အိမ်ဆောက်နေကြတဲ့သူတွေကောပါပဲ။

သို့သော် သူတို့ထွက်လာတော့မည့် အချိန်တွင်ပဲ ချူရှုယွမ်၏ အသံလေးထွက်ပေါ်လာခဲ့သည်။

လယ်သမားရဲ့ဇနီးမှာ မှော်အတတ်ပညာတွေရှိတယ် - Book 1Where stories live. Discover now