Chapter 68

291 60 0
                                    

🧝Chapter 68

အောက်တိုဘာလနှောင်းပိုင်း တစ်ရက်တွင် မြောင်ဟယ်တိုမိသားစုသို့ ဧည့်သည်အသစ်တစ်ယောက် ရောက်ရှိလာခဲ့သည်။

ရန်သာ့လန် တံခါးကိုဖွင့်လိုက်သောအခါတွင် အရေးအကြောင်းနက်နက်နှင့် အဘိုးအိုတစ်ဦးနှင့်အတူ ပြုံးနေသောလီမင်က သူ့ကို နှုတ်ဆက်လာသည်။

လီမင်က တည့်တိုးဆန်သည်။သူ့ကို နှုတ်ဆက်ပြီးသည့် နောက်မှာစကားပုလ္လင်မခံဘဲတန်းပြောလာသည်။

"ဟယ်ကောအာ ဒီအိမ်က ငါ့ရဲ့ ဂုဏ်ယူစရာ အလုပ်
၊အခွင့်အရေးရရင် လာကြည့်ဖို့ တစ်ယောက်ယောက်ခေါ်လာချင်ခေါ်လာမှာလို့ ငါမင်းကို အရင်တစ်ခေါက်က မပြောခဲ့ဘူးလား... ဒီဆရာကျူးက တစ်ချက်လောက်ကြည့်ချင်နေတာ.. ဟေ့ မင်းအိမ်ကိုခဏငှားလို့ရမလား...ငါတို့ ပင်မအခန်းနဲ့ ရေချိုးခန်းထဲက ရေနုတ်မြောင်းကိုပဲ ကြည့်မှာပါ"

မြောင်ဟယ်က ယခု ကိုယ်ဝန်ရှိနေသဖြင့် လျောင်းကုလာထိုင်ပေါ်မှာ ထိုင်ရသည်က ပိုသက်တောင့်သက်သာ ရှိလေသည်။သူက ၎င်းကိုကြားသောအခါပြုံးလိုက်သည်။
"တကယ်လူတစ်ယောက်ကို ဒီကို ခေါ်လာခဲ့တာပဲ...ဆရာလီရဲ့ စီးပွားရေးက တကယ်ကောင်းနေတာပဲ... ကိစ္စမရှိပါဘူး ...သာ့လန်ကို လိုက်ပြခိုင်းလိုက်ပါ"

မထင်မှတ်ပဲ လီမင်ကဆိုလာသည်။
"အဟုတ်ပဲ...တိုက်တိုက်ဆိုင်ဆိုင် ငါတို့အဖွဲ့က အခုတလော ဒီအနီးအနားမှာရှိနေခဲ့တာ..အနီးနားက တောင်ကို မြင့်မြတ်မိသားစုတစ်စုက ဝယ်ပြီး နွေရာသီစံအိမ်ငယ်လေး ဆောက်တော့မှာ... ပြီးသွားရင်တော့ သေချာပေါက် လာပြီး ထမင်းစားဖြစ်မှာပါ...အဲဒီအခါကျ တံတိုင်းပြင်ပေးမယ်ကွာ"

မြောင်ဟယ်အံဩသွားသည်။
"နွေရာသီစံအိမ်ငယ်လေး...ဇိမ်ကျလိုက်တာ... ဒါဆို ဒီဆရာကြီးကျူးက..."

သူ လီမင် ဆရာကြီးဟု ခေါ်ဖူးသည့်လူကို သတိရသွားသည်။

သူတို့နှစ်ယောက် စကားစမြည်ပြောနေကြချိန်မှာ အဘိုးအိုက​လျှောက်ပတ်ကြည့်နေပြီဖြစ်သည်။ ခေါင်းစဥ်ကသူ့ဆီရောက်လာသည်ကိုမြင်ရာတွင် လက်သီးဆုပ်ပေါ်လက်ဝါးအုပ်ကာဆို၏။
"ကျုပ်က ဆုမြို့ ကျူးမိသားစုက လာတာပါ...မင်းကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်"

ကောငယ်လေး၏စတိုရီ(ဘာသာပြန်)Where stories live. Discover now