Chapter (1)

211K 10.1K 80
                                    

Unicode

***********

Year 2008

     သင်္ဃန်းကျွန်း အထက (၁) ဂိတ်ဝတွင် ကျောင်းသားကျောင်းသူများတိုးဝှေ့လျက်ရှိကြသည်။

ဒီနေ့ဆယ်တန်းအောင်စာရင်းထွက်ပြီမဟုတ်ပါလား။ ကျောင်းသားကျောင်းသူတွေသာမက မိဘများကပါအတင်းတိုးဝှေ့နေကြသည့်အပြင် တစ်ယောက်တစ်ပေါက်အော်ဟစ်နေကြသဖြင့် ဆူညံလျက်ရှိနေလေသည်။

လူအုပ်ကြားထဲသို့ ကြိုးစားပမ်းစားတိုးဝှေ့နေသောကောင်လေးတစ်ယောက်.. ထိုကောင်လေးက အောင်စာရင်းစာရွက်တွေကပ်ထားသောကျောက်သင်ပုန်းများကို မျှော်လင့်ချက်ကြီးစွာကြည့်သည်။ တစ်နေရာအရောက် နှုတ်ခမ်းများကပြုံးသွားပြီး နောက်ထပ်တစ်ခါကြည့်ပြန်သည်။ နောင်တစ်နေရာအရောက်တွင်လည်း ထပ်မံပြုံးလိုက်ပြန်ကာ ရက်စ် ဟု လက်သီးဆုပ်ကာ ခပ်တိုးတိုးရေရွတ်ပြီး လူအုပ်ကြားထဲကတိုးထွက်လာသည်။ ထို့နောက် လူအုပ်ကြီးနှင့်ခပ်လှမ်းလှမ်းတွင် စိတ်ပူစွာရပ်စောင့်နေသော ကောင်မလေးရှိရာသို့ ထွက်လာလေသည်။ ထိုကောင်မလေးက မျှော်လင့်ချက်ကြီးစွာဖြင့်မေးသည်။

     ' ဘယ်လိုလဲ .. ငါတို့နှစ်ယောက်လုံးအောင်တယ်မလားဟင်.. မြူခိုး'

     ကောင်မလေးရဲ့အမေးကို ကောင်လေးက ခေါင်းတစ်ချက်ညိတ်ပြီး လက်မထောင်ပြကာ

   ' ဒါပေါ့ဟ.. ငါတို့နှစ်ယောက်လုံးအောင်တယ် .. နင်က နှစ်ဘာသာပါတယ် .. ငါက တစ်ဘာသာဘဲပါတယ်'

ကောင်လေးရဲ့စကားကို ကောင်မလေးက မယုံနိုင်စွာဖြင့် ရင်ဘတ်ကိုလက်နဲ့ဖိကာမေးသည်။

  ' တ... တကယ်လားဟင် မြူခိုး.. နင် နောက်နေတာတော့မဟုတ်ပါဘူးနော် '

  ' ဟ.. နောက်စရာလား မိတေးရ.. တကယ်ပြောတာပါ.. နင်မယုံရင် လူရှင်းတဲ့ထိစောင်ြ့ပီး ထပ်သွားကြည့်'

     မြူခိုးရဲ့အပြောကို ကောင်မလေးကမျက်ရည်ဝဲနေသောမျက်လုံးများဖြင့် မော့ကြည့်ကာ

' ပြီးရော .. ငါ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ရမှ ငါစိတ်ချရမှာ လူရှင်းတဲ့ထိစောင့်ပြီးကြည့်မယ်ဟာ.. နင်လည်းစောင့်ပေး'

InnocenceWhere stories live. Discover now