Present !

165K 6.8K 258
                                    

Unicode

**********

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှ တစ်စတစ်စ သက်ဝင်လှုပ်ရှားနေသော မနက်ခင်းအစပိုင်းသို့ ပြောင်းလဲစပြုနေတာကို သတိထားမိလိုက်သည်။ မနက်ခင်းကို ရောက်နေပြီဆိုတာကို သိလိုက်သော်လည်း ရင်ခွင်ထဲမှာ အိပ်ပျော်နေသူ တုနှိုင်းခကိုကား မနှိုးဝံ့သေး။

တုနှိုင်းခတစ်ယောက် မြူခိုးပေါင်ပေါ်တွင် ထိုင်ကာ ကိုယ်သေးသေးလေးကို ပုဇွန်တုပ်ကွေးလေးလို ကွေးကာ တစ်ကိုယ်လုံး ရင်ခွင်ထဲပစ်ဝင်ပြီး အိပ်နေလိုက်သည်မှာ နှစ်နှစ်ခြိုက်ခြိုက်။ မြူခိုးရင်ခွင်ထဲတွင် ကိုယ်လုံးလေးက ကွက်တိ။ ကြပ်ကြပ်တည်းတည်း ကားနောက်ခန်းတွင် ဖြစ်နေသည်သာမက ပေါင်ပေါ်တွင် ထွေးပွေ့ထားရင်း သိပ်ထားရသည်မှာ အချိန်တော်တော် ကြာနေပြီဖြစ်သဖြင့် မြူခိုးရဲ့ ခြေထောက်နှင့် လက်တွေ အကုန်လုံး ခံစားမှု မရှိတော့လောက်အောင်ပင် ထုံကျင်လျက် ရှိနေပြီဖြစ်သော်လည်း မြူခိုး မနှိုးရက်။ မနှိုးဝံ့။

မနေ့ညက အချစ်ဦးပြသနာဖြင့် မြူခိုးကို သုံးနာရီကျော်ကြာ စိတ်ကောက်ပြီးနောက် နောက်ဆုံး မောပြီး အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ ပါးစပ်ကနေ အမြှုပ်ထွက်မတတ် ရှင်းပြကာ ချော့မော့ထားတာတောင်မှ စိတ်ကောက်တာက သိပ်မပြေသေးဘဲ စူပွစူပွဖြင့် အိပ်ပျော်သွားခဲ့တာကြောင့် မြူခိုး မနှိုးရဲ။ ရန်ကုန်ကို ပြန်ရောက်ရောက်ချင်း တစ်ချက်မှလည်း မနားရရှာသေးဘဲ မြူခိုးစိတ်ကောက်တာကိုလည်း ချော့ရ မြူခိုးကိုလည်း အကြာကြီး စိတ်ကောက်ကာ ရစ်လိုက်ရသဖြင့် ပင်ပန်းသွားရှာသည် ထင်သည်။ အခုထိမနိုးလာသေးပေ။

အိပ်ပါစေ။ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ မျက်နှာလေးကို အနီးကပ် ငေးမကြည့်ရသည်မှာ အချိန်ကြာနေခဲ့ပြီမဟုတ်ပါလား။ မြူခိုး ထိုသို့တွေးနေရင်းပင် ရင်ခွင်ထဲကို ခေါင်းတိုးဝင်ကာ အိပ်နေသော တုနှိုင်းခရဲ့ နှဖူးပေါ်ကို ကျနေသော ဆံပင်ပျော့ပျော့လေးတွေကို ဖြေးဖြေးချင်းပင် သပ်တင်ပေးလိုက်မိသည်။ ပါးပြင်လေးတွေက အရင်လို ချောင်ချောင်လေးမဟုတ်တော့ဘဲ ဖောင်းပြီးတော့ သွေးချေဥနေသလိုပင် ရဲတွတ်နေလိုက်သည်မှာ အသည်းယားစရာ။ မြူခိုး ထိုပါးပြင်ရဲရဲလေးကို အနမ်းသူခိုးလုပ်ဖို့အကြံနှင့် ပါးပြင်လေးနားကို မျက်နှာတိုးကပ်ဖို့ အလုပ်။

You've reached the end of published parts.

⏰ Last updated: Jan 30, 2020 ⏰

Add this story to your Library to get notified about new parts!

InnocenceWhere stories live. Discover now