Chapter (40)

87.7K 5.5K 544
                                    


BGM for this chapter - Baby don't cry by Exo

************************************************************************************************

Unicode

**********

ညတစ်နာရီကျော်နေပြီ။ တုနှိုင်းခ အခုထိ အိပ်မပျော်သေး။ အိပ်ရာပေါ်တွင် အတွေးများစွာဖြင့် ဟိုလှိမ့်ဒီလှိမ့်ဖြင့် အချိန်ကုန်ဆုံးနေရသည်။ ဒီညတော့ တစ်ညလုံး အိပ်ပျော်တော့မည်မထင််။ မနက်ကျရင်လည်း ကိုကြီးဆီသွားရဦးမည်။ မနေ့က ဖြစ်ပျက်သွားခဲ့သော အဖြစ်အပျက်တွေက မြန်ဆန်လွန်းသဖြင့် တုနှိုင်းခ ယုံပင်မယုံနိုင်။

ကိုကြီး အချုပ်ခန်းထဲမှာ အဆင််ပြေရဲ့လားမသိ။ စေနိုင်သူရဲ့ ပုံစံနှင့် လုံးဝအဆင်ပြေမှာ မဟုတ်မှန်းသိသည်။ ရဲတွေ စစ်ဆေးတာတွေခံရင်း နှိပ်စက်ခံရတာတွေ ဘာတွေတော့ မရှိလောက်ဘူး ထင်ပါသည်။ ပြီးတော့ အချုပ်ခန်းထဲ ရောက်နေတာတောင် ဒီလောက် တုန်လှုပ်မှုမရှိ ဖြစ်နေတယ်ဆိုရင် သေချာသည်။ ကိုကြီးနှင့် ခန့်ပိုင်တို့ တစ်စုံတစ်ခုတော့ ကြံစည်ထားကြတယ်ဆိုတာ။ ဒါကြောင့် ခန့်ပိုင်က မိမိကို အိမ်မှာ မြူခိုးနဲ့ပတ်သက်ပြီး ဘာမှ ထပ်ဝင်မပါဖို့ လာပြောတာနေမှာ။ ဒါဖြင့် မြူခိုးကိုများ နောက်ထပ် လုပ်ကြံကြဦးမလို့လား။

ကုတင်ပေါ်တွင်လှဲရင်း ဟိုလှိမ့်ဒီလှိမ့်လုပ်နေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြန်သည်။ ပြီးတော့ မျက်နှာပေါ်ကျလာသော ဆံပင်လေးတွေကို ဖယ်လိုက်ရင်း ပါးလေးတွေကို ပွတ်လိုက်မိသည်။ တုနှိုင်းခ ဘယ်လိုလုပ်ရမလဲ။ တစ်ခုခုတော့ လုပ်မှဖြစ်မှာပေါ့။ မြူခိုးကိုတေ့ာ ဒီကိစ္စနဲ့ ပတ်သက်လို့့ သတိပေးရမည်။

အခုအချိန်အထိ နောင်တမရနိုင် ဆက််မိုက်နေသေးသော အစ်ကိုဖြစ််သူကို အံ့သြမိသလို စိတ်လည်း စိတ်ပျက်မိသည်။ ငယ်စဉ်ကတည်းက ပုံစံချင်း ဆန့်ကျင်ဘက် ဖြစ်ခဲ့သော်လည်း မိမိကို အလွန်ချစ်ပြီး အလိုလိုက်ခဲ့တာကြောင့် အစ်ကိုဖြစ််သူကိုတော့ ဒုက္ခမရောက်စေချင်ပါ။ ပြီးတော့ မြူခိုး၊ မြူခိုးဆန္ဒတွေ ပြည့်ဝစေချင်ပြီး ပျော်ရွှင်စေချင်သည်။ အေးချမ်းသော ဘဝကို ပိုင်ဆိုင်စေချင်သည်။ ဒီအတွက် တုနှိုင်းခ ဘာဘဲလုပ်ပေးရပေးရပါ။ အားလုံးကို ဖြေရှင်းနိုင်မည့် နည်းလမ်းရှိရင် ဘာဘဲ ပေးဆပ်ရပေးဆပ်ရပါ။ လုပ်ပေးလိုက်ချင်ပါသည်။

InnocenceWhere stories live. Discover now