Chapter (20)

92.3K 6.6K 133
                                    

Unicode

************

မြူခိုး နယ်ရူတင်က ပြန်လာတာ နောက်ကျတာကြောင့် ရုံးကို မသွားဖြစ်ခဲ့ပါ။ ပြီးတော့ ပြန်လာပြီး နောက်တစ်နေ့က ရုံးပိတ်ရက် ဖြစ်သည့်အပြင် မြူခိုးတွင်လည်း Schedule ရှိမနေသဖြင့် ရုံးသို့ သွားလိုမရ။ ဒါကြောင့် ဘော့စ်ကို မတွေ့ခဲ့ရ။

မြူခိုးသည် ဘော့စ်အပေါ်ကို သူများတွေထက်ပိုပြီး စိတ်ဝင်စားနေမိသည်ကိုု ကိုယ့်ဘာသာကို်ယ် သတိထားနေမိသည်။ သို့သော် ဘယ်လိုမျိုး စိတ်ဝင်စားနေမိတာလည်းဆိုတာကို ကိုယ့်ဘာသာကိုယ် အဖြေမထုတ်ချင်သေး။ ဘော့စ်သည် မိမိရဲ့အလုပ်ရှင်... ကျေးဇူးရှင်ဆိုရင်လည်း မမှား။ ဒါကြောင့်မို့လို့များ ကျေးဇူးတင်တဲ့စိတ်နဲ့ ရိုးရိုးသားသား သံယောဇဉ်ဖြစ်မိသောကြောင့် ဂရုစိုက်နေမိတာလား။ ဒါမှမဟုတ် တုနှို်င်းခသည် မိမိအားကျရတဲ့လူမျိုး ဖြစ်နေတာကြောင့်လား။

နားရက်မို့ မနက်ပိုင်း မေမေ့ထံသွားပြီး ညနေစောစော အိမ်ပြန်လာကာ အေးအေးလူလူ အိပ်ရာထဲတွင် အပျင်းတစ်ရင် အိပ်နေရမှာကို အိပ်မပျော်နိုင်ဘဲ တွေးနေမိသည်က တုနှိုင်းခရဲ့အကြောင်း။ မြူခိုးတစ်ခါမှ ယောက်ျားလေးတစ်ယောက်အပေါ်ကို ထိုကဲ့သို့ ထူးထူးခြားခြား ခံစားချက်မျိုး မရှိခဲ့ဖူးပါ။ ရှက်လည်းရှက်သည်။ တုနှိုင်းခသာသိရင် ချက်ချင်း ကန်ထုတ်မလားမသိ။

နေခွန်းနဲ့ စည်သူကို မေးကြည့်ရင် ကောင်းမလား။ သူတို့ကတော့ သိနိုင်မည် ထင်သည်။ နေခွန်းက ပိုသိနိုင််မည်ဖြစ်သည်။

မြူခိုးသူငယ်ချင်းတွေဆီကို ဖုန်းခေါ်လိုက်သည်။ တိုင်ပင်စရာရှိိလို့ အားလားမေးတော့ သကောင့်သားတွေက OneTableမှမပေးရင် မဖက်မလုပ်ဟု ပြောသဖြင့် မသထာသည့် ကြားထဲက ပေးပါမည်ဟု ကတိပေးလိုက်ရသည်။ အရင်တစ်ခါ တုနှိုင်းခနဲ့တွေ့သော ဘားကို ချိန်းလိုက််သည်။

မြူခိုး ဘားကိုရောက်တော့ သကောင့်သားနှစ်ယောက်က စားစရာတွေကော သောက်စရာတွေကိုပါ မှာပြီးထားပြီး နေလေသည်။ သူရောက်သွားတော့ စည်သူက စပ်ပြီးသား အရက်ခွက်တစ်ခွက်ကို ရှေ့တိုးပေးသည်။

InnocenceWhere stories live. Discover now