Chapter (39)

82.4K 5.5K 364
                                    

BGM for this Chapter - Mercy by Shawn Mendes

*****************************************************************************************

Unicode

*********

"ကိုစေ.."

ရဲစခန်းကို ရောက်ရောက်ချင်း အချုပ်ခန်းထဲတွင် လက်ထိပ်တန်းလန်းနဲ့ ခေါင်းငိုက်စိုက်ချကာ ထိုင်နေသော စေနိုင်သူကို တွေ့လိုက်ရလေသည်။ တေးနှင့် တုနှိုင်းခတို့ ရောက်လာတာကို မြင်တော့ စေနိုင်သူက ကြမ်းပြင်ပေါ်တွင် ထိုင်နေရာမှ သံတိုင်နားသို့ထလာသည်။ တေးနုယဉ်က စေနိုင်သူရဲ့ လက်တွေကို အချုပ်ခန်းကနေဆုပ်ကိုင်ထားရင်း တအင့်အင့်ရှိုက်ငိုနေသည်။

စေနိုင်သူလည်း ဆံပင်ရှုပ်ပွလျက် စိတ်ပျက်လက်ပျက်ပုံ ပေါက်နေသည်။ မျက်လုံးထဲတွင် ဒေါသတွေကော၊ မချိမခံသာ ဖြစ်နေတာတွေကော..၊ နောက်ဆုံး တုနှိုင်းခ တစ်ခါမှ မမြင်ဖူးခဲ့သော ကြောက်ရွံ့မှု၊ တုန်လှုပ်မှုတွေကိုပါ မြင်နေရသည်။ တုနှိုင်းခလည်း ကိုကြီးကို ဒီလိုမြင််လိုက်ရတော့ လုံးဝစိတ်မကောင်း။ စိတ်ထိခိုက်ရပါသည်။

"ကိုကြီး အဆင်ပြေရဲ့လား.."

စေနိုင်သူက စိတ်ပျက်လက်ပျက်နဲ့ခေါင်းခါပြသည်။

"ဘယ်လိုလုပ်အဆင်ပြေမှာလဲ.. အချုပ်ထဲရောက်နေတာကို.. တောက်.. မြူခိုးဆိုတဲ့ကောင်.. ငါနဲ့တွေမယ်.."

"ကိုကြီး.. ကိုယ်ရောက်နေတဲ့ နေရာကို ကိုယ်ပြန်ကြည့်ဦး.. ဒီလိုစကားတွေ ပြောလို့ရတဲ့ အခြေအနေ မဟုတ်ဘူးလေ.. ကိုယ်လုပ်လို့ ကိုယ်ခံရတဲ့ ကိစ္စဘဲကို.. အခုအချိန်မှာ ကိုယ့်အတွက် ဘယ်လိုကောင်းအောင်နေရင် အပြစ် ပေါ့လျော့နိုင်မလဲ ဆိုတာကို စဉ်းစားရမှာ.."

စေနိုင်သူ.. သံတိုင်များကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း မဲ့ပြုံးပြုံးသည်။

"ဒီအတိုင်းကြီးဘဲတော့ ထောင်ထဲမဝင်နိုင်ဘူး ငယ်လေး.. ဒီကောင့်ကို တစ်ခုခုလုပ်ရမှကို ကျေနပ်နိုင်မယ်.."

InnocenceWhere stories live. Discover now