Chapter (15)

90.7K 6.8K 428
                                    

Unicode

*********

နေခွန်းက ဒီနေ့ သဘောတွေ စွတ်ကောင်းနေကာ မြူခိုးအား အလုပ်သို့ လိုက်ပို့လေသည်။ အလုပ်ဆိုတာ MiracleEntertainment ကိုပါ။ ဒီနေ့က Finalistsတွေ Training And Challenge Classတွေ စတဲ့နေ့။ နောက်ကျရင် ဇီဇာကိုကို တုနှိုင်းခရဲ့ နဂါးမျက်လုံးဒဏ် ခံရနိုင်သည်ဟုဆိုကာ မြူခိုးအား လိုက်ပို့ခြင်းပင် ဖြစ်သည်။ အပေါက်ဝနဲ့ မလှမ်းမကမ်းတွင်် ကားကို ရပ်ခိုင်းလိုက်သည်။ ကားထဲက ထွက်တော့မည်လုပ်တော့ နေခွန်းက လှမ်းတားထားလိုက်ပြီး အပေါက်ဝတွင် ထိုးရပ်လာသော ကားကို လက်ညှိုးထိုးပြလိုက်ရာ မြူခိုးက ဘာလဲဆိုသော အကြည့်ဖြင် ့နေခွန်းကြည့်နေရာသို့ လိုက်ကြည့်မိလိုက်လေသည်။

ထိုကားထဲက ကားမောင်းသူနေရာကနေ ဒရိုင်ဘာဖြစ်ဟန်တူသော လူတစ်ဦးက လက်ဆွဲအိတ်နဲ့ဖိုင်များကို ကိုင်ကာ ထွက်လာလေသည်။ ထို့နောက် နောက်ခန်းကနေ တုနှိုင်းခက တည်တင်းနေသောမျက်နှာနှင့် ခပ်ချီချီထွက်လာသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက် ဒရိုင်ဘာက ကိုင်ထားသော လက်ဆွဲအိတ်နဲ့ ဖိုင်တွေကို တုနှိုင်းခကို တရိုတသေ လှမ်းပေးလေသည်။ တုနှိုင်းခက လှမ်းယူလိုက်ပြီး တစ်စုံတစ်ခုပြောလိုက်ကာ သူ့ပစ္စည်းတွေကို ဟန််ပါပါကိုင်ဆွဲလိုက်ကာ မြင်တာနဲ့ဦးညွတ်ကာ နှုတ််ဆက်ကြသော ဝန်ထမ်းများကို ခေါင်းလေးငြိမ့်ရုံတုန့်ပြန်ကာ ခပ်မော့မော့ပင် အဆောက်အဦးထဲ ဝင်သွားသည်ကို တွေ့လိုက်ရလေသည်။ အရင်ဘဝက ဘာကောင်းမှုတွေများလုပ်ခဲ့လို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအရှိန်အဝါ ဒီလိုလေးစားခံရမှုတွေ ရနေရတာပါလိမ့်။ မြူခိုးက သူ့ရဲ့ဘဝနဲ့ ကွာခြားလှသော တုနှိုင်းခရဲ့ ဘဝအခြေအနေကို အားကျနေမိလေသည်။ သူငေးကြည့်နေမိတာကို နေခွန်းက ပုခုံးကို လှမ်းပုတ်လိုက်ပြီး။

'အားတင်းထားကွ. အောင်မြင်ချင်ရင် တုနှိုင်းခကိုတော့ သည်းခံရမယ်ကွ. မြင်တဲ့အတိုင်းဘဲ တော်တော်ကို လက်ပေါက်ကပ်တဲ့လူကွ.. '

နေခွန်းစကားကိုကြားတော့ သူတစ်ချက်ပြုံးလိုက်ပြီး

'အဲ့ဒီတုနှိုင်းခရဲ့အသက်ဘယ်လောက်ရှိလဲသိလား၊ '

InnocenceWhere stories live. Discover now