Chapter (4)

93.8K 7K 113
                                    

Unicode

***********

ဒီနေ့တေးသင်တန်းကို မြူခိုးလာမကြိုနိုင်။ ကျောင်းတွင် Assignmemt အတွက် ဇာတ်လမ်းတိုတစ်ခုရိုက်ရမည်ဆိုသောကြောင့် မြူခိုးအလုပ်များနေသောကြောင့်ဖြစ်သည်။ ဒါကြောင့်တေးတစ်ယောက်တည်း ကားမှတ်တိုင်တွင် ကားရပ်စောင့်နေစဉ် တေးရှေ့သို့ကားတစ်စီးလာရပ်သည်။ ထို့နောက်ကားမှန်တံခါးကျလာပြီး အထဲက စေနိုင်သူက နေကာမျက်မှန်ကို ချွတ်လိုက်ပြီးတေးကိုပြုံးပြသည်။

          'ကိုယ်ပြန်လိုက်ပို့ပေးမယ်လေ '

          'ရပါတယ် ကိုစေ၊ တေးကိုယ့်ဘာသာပြန်လို့အဆင်ပြေပါတယ်'

          'ကိုယ့်အတွက်အပန်းမကြီးပါဘူး၊ နေပူကပူနဲ့ ကိုယ်လိုက်ပို့ပေးပါရစေ'

          တေးငြင်းနေသော်လည်း ဇွဲကောင်းကောင်းနဲ့ စေနိုင်သူကခေါ်နေသည့်အပြင် မှတ်တိုင်မှလညး်် လူတွေကလည်းကွက်ကြည့်ကွက်ကြည့်လုပ်နေကြပြီဖြစ်သဖြင့် တေးလည်းဇွတ်ငြင်းမနေတော့ဘဲ ကားပေါ်တက်လိုက်ခဲ့တော့သည်။

          'တေး ညနေစာစားပြီးပြီလား၊ ကိုယ်တေးကိိုညနေစာဝယ်ကျွေးချင်လို့ပါ၊ တေးအဆင်ပြေလားမသိဘူး'

         'မစားတော့ပါဘူးကိုစေ၊ ကျေးဇူးတင်ပါတယ်။ တေးအိမ်ပြန်နောက်ကျလို့မရလို့ပါ၊ တေးအဖေကိုဆေးခန်းလိုက်ပြရမှာမလို့ပါ။'

          'ဒါဆိုလည်း ကိုယ်ဘဲတစ်ခါတည်း လိုက်ပို့ပေးမယ်လေ၊ တေးတို့မိဘတွေနဲ့လည်းမိတ်ဆက်လို့ရတာပေါ့'

          'ဒီနေ့တော့ အဆင်မပြေသေးလို့ပါကိုစေ..တေးကိုလမ်းထိပ်မှာဘဲချပေးခဲ့ပါ'

          'အိမ်ဝထိလိုက်ပို့ပေးလို့ရပါတယ်တေးရယ် အားနာစရာမဟုတ်ပါဘူး'

          'အားနာတာထက် တေးရဲ့ချစ်သူ တေးအိမ်မှာစောင့်နေတယ်ကိုစေ တစ်မျိုးတော့မထင်ပါနဲ့ သူကသဝန်တိုတက်လို့ပါ နောက်မှအေးအေးဆေးဆေး ငယ်လေးနဲ့ရော ကိုစေနဲ့ရောကို ထမင်းဖိတ်ကျွေးရင်းမိတ်ဆက်ပေးပါ့မယ် အခုတော့ လမ်းထိပ်မှာဘဲရပ်ပေးပါနော်'

          စေနိုင်သူ နောက်ဆုံးလက်လျှော့လိုက်ပြီး လမ်းထိပ်မှာပင်ရပ်ပေးလိုက်သည်။

InnocenceWhere stories live. Discover now