Chapter (16)

84.7K 6.4K 31
                                    

Unicode

**********

ဟောခန်းစာရွက်တွင် ကပ်ထားသော နောက်ဆုံးအဆင့်ရွေးချယ်ခံရသည့် သရုပ်ဆောင်သစ်နှစ်ဦး စာရင်းတွင် မိမိနာမည်ပါနေသည်ကို တွေ့လိုက်ရသောအခါ မြူခိုးမျက်ရည်ဝဲလောက်အောင်ပင် ဝမ်းသာမိလေသည်။

Finalistအဖြစ်အရွေးခံရသည့်အချိန်မှစပြီး အခုအချိန်အထိ Challengeမှန်သမျှကို လုံးဝအမှားမရှိရလေအောင် သေချာကြိုးစားခဲ့ရတာဖြစ်သည်။

ထို့အပြင် ပြင်းထန်သော တင်းကျပ်သော တုနှိုင်းခရဲ့လေ့ကျင့်မှုတွေ စကားလုံးတွေကိုလည်း သေချာအန်တုခဲ့ရတာဖြစ်သည်။

Challenge နှစ်ပတ်အတွင်းတွင် မြူခိုးနားလည်လာတာ တစ်ခုရှိလေသည်။ တုနှိုင်းခသည် အပြောအဆို မညင်သာသော်လည်း စိတ်တွင်းက တကယ်စေတနာပါသူ. ကူညီတတ်သူ တကယ့်ကို အရည်အချင်းရှိသူဖြစ်လေသည်။ တုနှိုင်းခရဲ့စကားတွေဟာ သူ့ကို ပိုကြိုးစားဖို့ ဖြစ်စေခဲ့သည် ဆိုရင်ပိုမှန်လေမည်။

အောင်စာရင်းတွင် ဂုဏ်ထူးထွက်သော ကျောင်းသားလေးများကဲ့သို့ပင် မြူခိုးနှင့် နောက်ထပ် အတူရွေးခံရသူ ထွန်းသူရတို့သည် မြောက်ကြွမြောက်ကြွနှင့် ပျော်နေကြပြီး နှစ်ပတ်ကြာ အတူနေခဲ့ရသော တစ်ခြားသူများကို နှုတ်ဆက်ကြလေသည်။ ဒါရိုက်တာကြီး ဦးတင်ထွန်းသည်လည်း လာရောက် ဂုဏ်ပြုပေးပါသည်။ မကြာမီအချိန်အတွင်းမှာပင် ရိုက်ကူးတော့မည့် ဇာတ်လမ်းတွဲတွင် အခုအရွေးခံရသော မြူခိုးနှင့် ထွန်းသူရတို့က အပြိုင် သရုပ်ဆောင်ရမည်ဆိုသည့် သတင်းကောင်းပင် ပြောပြပေးသဖြင့် ပိုပြီးဝမ်းသာရသည်။

ရွေးချယ်ခံရသော မြူခိုးနှင့်ထွန်းသူရတို့ကို ဒိုင်လုပ်ခဲ့သောလူကြီးများနှင့် စီအီးအိုမာန်ထက်တို့က လာရောက်ဂုဏ်ပြုပေးကာ တခြားမှာ ကြားစရာရှိသည်များကို မှာကြားလေသော်လည်း တုနှိုင်းခကတော့ ပေါ်မလာခဲ့ပါ။ မနက်က ရုံးတက်လာသည်ကို တွေ့လိုက်သော်လည်း ဟောခန်းကို ဆင်းလာသည်ကို မတွေ့ရသေးပါ။ မြူခိုးသည် တုနှိုင်းခကို တွေ့ချင်နေသည်။ ထိုသူ အသိအမှတ်ပြုတာကို ခံယူချင်နေသည်။ ခေါင်းလေး တစ်ချက်ငြိမ့်ပြလျှင်ပင် ကျေနပ်ပါသည်။ သို့သော် တုနှိုင်းခကိုကား အခုထိ အရိပ်ကလေးပင် မမြင်ရသေး။ ဘာကြောင့်ရယ်မသိ မြူခိုး နေမထိထိုင်မသာ ဖြစ်နေလေသည်။ ကျေးဇူးတင်စကား ပြောသလိုလိုဘာလိုလိုနဲ့ သွားကြည့်ရင် ကောင်းမလား စဉ်းစားနေလေသည်။ ကောင်းပါ့မလားမသိ။ သူ့ရုံးခန်းကို လာတာရော ကြိုက်ပါ့မလား။ တော်ကြာ ဟောက်လွှတ်ရင်ဘယ်လိုလုပ်မလဲ။

InnocenceWhere stories live. Discover now