Bonus Chapter Part (1)

110K 5.4K 231
                                    

Unicode

***********

Author's Note

ဒီ Bonus Chapter ကို တစ်စုံတစ်ယောက်အတွက် မွေးနေ့လက်ဆောင်အဖြစ်နဲ့ရေးပေးပါတယ်ရှင်။

ဇာတ်သိမ်းသွားတာ အရမ်းကြာခဲဲ့ပြီဖြစ်ပြီး ဒီအပိ်ုင်းကို ညမွှေးက လုံးဝ မတင်တော့ပါဘူးလို့ဆုံးဖြတ်ထားခဲ့တာပါ။ 🙈🙈🙈

ဒါပေမယ့်လည်း အတင်းတင်ရမယ်ဆိုပြီး ဖိအားပေးခံလာရတာကြောင့် ရေးထားပြီးသား Chapter တွေနဲ့လိုက်တဲ့ plot လေးနည်းနည်းပြောင်းလိုက်ပြီး publish လိုက်ရတာပါရှင်။ ဒါကြောင့် တစ်ခုခု အဆင်မပြေဖြစ်တာများရှိခဲ့ရင်လည်း တစ်စုံတစ်ယောက်ရဲ့ အပြစ်လို့သာ မှတ်ယူပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။

အဲ့ဒီတစ်စုံတစ်ယောက်လည်း ဒီ Bonus Chapter ကိုဖတ်ပြီး စာရေးသူအား နေ့စဉ်နေ့တိုင်း ညကြီးအချိန်မတော် ဖုန်းဆက်နားပူတာကို ရပ်တန်းက ရပ်လိုက်ပါတော့ဟု တောင်းဆိုရင်း...။ 😣😣

*****************************************************************************************************

'' Can't Stop Smiling Today 😁🕺🏻... My Baby's coming back 😍😍. Myu Hkoe will be Lovey Dovey from now on.. Yahooooo... 🕺🏻🕺🏻''

မနေ့က မနက်က တင်ထားသော Post။

'' Why Why Why ....!!!!!!!????? Why the world is so unfair to me ....?????? 😤😤😡😡''

မနေ့ညက တင်ထားသော Post။

'' သူမျက်နှာလေးကို ပထမဆုံးမြင်ရမှာက ကိုယ်ဖြစ်သင့်ပါရက်နဲ့ ကွာ 😢😢😢😢😢😢''

ဒီနေ့မနက် တင်ထားသော Post။

'' Garrrrrr...... 😤😤😡😡😡😡😡😡 I hate my f**king life...😭😭😭😭''

ဒီနေ့ တုနှိုင်းခ လေယာဉ်ထွက်တဲ့အချိန်လောက်တွင် တင်ထားသော Post။

မြူခိုးရဲ့ Facebook တွင်တင်ထားသော မြောက်မြားစွာသော Status တွေကိုကြည့်ပြီး တုနှိုင်းခ တစ်ယောက် ပြုံးလိုက်မိသည်။ ဖုန်းက Data Off လုပ်ထားသော်လည်း တုနှိုင်းခ ငါးမိနစ်တစ်ခါလောက် ထို Status တွေကို ကြည့်ကာ ပြုံးနေမိလေသည်။

ထို့နောက် လေယာဉ်မယ်လေးရဲ့ မကြာခင်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်ပါတော့မည်ဟူသော Announcement ကို ကြားလိုက်ရလေတော့ တုနှိုင်းခ တပ်ထားသော နားကြပ်လေးကိုဖြုတ်ပြီး ကျောပိုးအိတ်လေးထဲကို ထည့်လိုက်ကာ မိမိဘေးက ပြတင်းပေါက်ကို ကြည့်လိုက်မိလေသည်။

InnocenceWhere stories live. Discover now