Chapter (47)

116K 6.3K 416
                                    

BGM for this chapter- Really Really By Winner

Lyrics are not match with this chapter but i wanna use this song as background music because I'm so in love with this song.

********************************************************************************

Unicode

*********

ဧည့်သည်တွေ့သော အခန်းထဲကို ဝင်လာသော စေနိုင်သူကို မြင်တော့ မြူခိုး အကြောတွေ တင်းခနဲဖြစ်သွားသည်။ လက်သီးကို ဆုပ်လိုက်မိကာ စိတ်ကို အတတ်နိုင်ဆုံး လျှော့ချထားလိုက်နိုင်အောင် ကြိုးစားနေမိလေသည်။ စေနိုင်သူကလည်း မြူခိုးကို မြင်တော့ အနည်းငယ် အံ့သြသွားသော်လည်း ပုံမှန်အတိုင်းပင် မျက်နှာကို ပြောင်းလိုက်ကာ မြူခိုးထိုင်နေသော စားပွဲရှေ့တွင် လာထိုင်သည်။

ဒီအနေအထား...။ မြူခိုးနဲ့ စေနိုင်သူ..။ နှစ်အတော်ကြာရန်သူတွေ အဖြစ်ရှိခဲ့ကြသူနှစ်ယောက်။ မျက်နှာကို လုံးဝမကြည့်ချင်တော့လောက်အောင် နေတော့မယ်လို့ စဉ်းစားထားခဲ့ကြတာ။ အခုတော့လည်း နှစ်ယောက်သား မျက်နှာချင်းဆိုင် ဖြေရှင်းကြရတော့မယ့် အနေအထားကို ရောက်နေလေပြီ။ မြူခိုးသည်လည်း မိမိစိတ်ကို သေချာရေရာမသိသေး။ စေနိုင်သူကို မြင်လိုက်တိုင်း ရင်ထဲက နာကျင်နေတုန်း..။ ထိုသူဖန်တီးခဲ့တဲ့ မိမိရဲ့ အတိတ်က ဖြစ်ရပ်ဆိုးတွေကို ပြန်လည်မြင်ယောင်မိနေဆဲလေ..။

မြူခိုး စေနိုင်သူရဲ့ မျက်နှာ အနေအထားနဲ့ မျက်လုံးတွေကို စူးစမ်းကြည့်နေမိသည်။ စေနိုင်သူရဲ့မျက်နှာက ပကတိတည်ငြိမ်နေသည်။ အရင်တုန်းကလို လောဘတွေ အနိုင်ယူလိုစိတ်တွေ ပြည့်နေသော မျက်လုံးအကြည့်မျိုးမဟုတ်တော့။ တေးနုယဉ်ပြောခဲ့သလိုဘဲ စေနိုင်သူ အသိတရားတွေရနေပြီလား။ ခေါင်းထဲတွင် မသေချာသော အတွေးတို့က ဝင်ရောက်လာသည်။

ထောင်ဝတ်စုံအရောင် မွဲမွဲနှင့် စေနိုင်သူဟာ လွန်ခဲ့တဲ့ သုံးနှစ်ကထက်စာရင် အများကြီး အိုစာသွားလေသည်။ အထူးသဖြင့် မျက်လုံးတွေက အရင်ကလောက် တောက်ပခြင်းမရှိတော့။

InnocenceWhere stories live. Discover now