Chapter (21)

89.2K 6.7K 200
                                    

Unicode

*********

ကျွီခနဲ တံခါးဖွင့်သံနှင့်အတူ တစ်ဆက်ထဲမှာပင် ပေါ်လာသော တုနှိုင်းခရဲ့မျက်နှာ။ တံခါးကို အပြည့်မဖွင့်သေးဘဲ ခေါင်းလေးဘဲပြူထွက်လာကာ ကြည့်သည်။ မြူခိုးကိုမြင်တော့ အံ့သြသွားဟန်တူသည်။ ထို့နောက် ချက်ချင်း မျက်မှောင်ကိိုကုတ်လိုက်ကာ။

'ဘာကိစ္စနဲ့ရောက်လာတာလဲ'

မေးသာမေးနေသည်။ လူက တစ်ကိုယ်လုံး ရှေ့ထွက် ရပ်မလာသေး။ ခေါင်းလေးသာ ထွက်ပြီး တစ်ကိုယ်လုံးက တံခါးနောက်မှာ ကွယ်ရပ်လျက်။ တမင်များ ကွယ်ထားလေသလား ဘော့စ်ရယ်။ သူကမျက်နှာကို တမင် ပြုံးဖြီးထားလိုက်ပြီး လက်ထဲက ကိုင်လာသော ဖိုင်အထပ်လိုက်ကြီးကို မြှောက်ပြလိုက်ကာ

'ဘော့စ်လက်မှတ်ထိုးရမယ့် ဖိုင်တွေနဲ့ Script တွေ လာပို့တာပါ'

မြူခိုး လေသံပျော့လေးနဲ့ပြောလိုက်တော့ တုနှိုင်းခရဲ့မျက်မှောင်က ပိုပြီးကုတ်သွားကာ

'မတင်ဇာက ဘာလုပ်နေလို့မင်းကရောက်လာရတာလဲဲ... အလုပ်မရှိဘူးလား..'

ဖိုင်တွေကိုင်ထားရင်း မျက်နှာငယ်လေးနဲ့ ရပ်နေသော မြူခိုးကို အခုထိ အိမ်ထဲမခေါ်သေး။ လူလုံးပင် ထွက်မပြသေးပါ။

'မတင်ဇာက ဘော့စ်ကိုယ်စား အစည်းအဝေးသွားရမှာ. နောက်ကျနေတယ်ဆိုလို့ ကျွန်တော်လည်း အားနေတာနဲ့ မတင်ဇာအစား လာပို့ပေးတာပါ.. '

'ပြီးတာဘဲ ဖိုင်တွေချထားခဲ့လိုက်..သွားလို့ရပြီ..'

ချေပါ့ဘော့စ်ရယ်. တကယ်ကြီးကို နှင််ထုတ်နေတော့တာပါဘဲလား။ မြူခိုးက သက်ပြင်းခိုးချပြီး လက်ထဲက ဖိုင်အထပ်ကြီးကို ချလိုက်ပြီး ပြန်တော့မယ်အလုပ်မှာ တုနှိုင်းခကိုယ်လုံးကို ကွယ်ပြီး ခေါင်းလေးသာ ပြူရပ်နေသော ကျွန်းတံခါးမကြီးဟာ နောက်က တစ်စုံတစ်ယောက် ဆွဲဖွင့်လိုက်သလို ကျွီခနဲပွင့်သွားပြီး တံခါးနောက်တွင် ကိုယ်ကိုဝှက်ကာ ရပ်နေသော တုနှိုင်းခဟာ တံခါးနောက်ကို ရောက်သွားလေတော့သည်။ တံခါးကို အတင်းဆွဲဖွင့်လိုက်သူကို ကြည့်လိုက်တော့ အသက်ငါးဆယ်ခန့်ရှိ ခပ်ဖိုင့်ဖိုင့် အမျိုးသမီးကြီးတစ်ယောက်။ အသားဖြူဖြူ မျက်နှာဖောင်းဖောင်း မေးစေ့နှစ်ထပ် ထိုအမျိုးသမီးကြီးက ရုတ်တရတ်ကြည့်လျှင် ချိုပြုံးနှင့်တူသလိုလို။ မြူခိုးကို တွေ့တော ့ပြုံးပြသည်။

InnocenceWhere stories live. Discover now