Chapter (25)

85K 6.1K 135
                                    

Unicode

**********

စင်ပေါ်တွင် ပျော်ရွှင်စွာ ကျေနပ်စွာဖြင့် ကျေးဇူးတင်စကား တက်ပြောနေသော မြူခိုး။ အောင်မြင်မှု လမ်းစကို ရှာတွေ့နေပြီ ဖြစ်သော မြူခိုး။ မြူခိုးမျက်နှာက အပြုံးတွေကို မြင်နေရသည်မှာ တုနှိုင်းခလည်း ပျော်ပါသည်။ ကျေးဇူးတင်စကားပြောရာတွင် တုနှိုင်းခရဲ့ နာမည်ကိုပါ သေချာ ထည့်ပြောသွားသော မြူခိုး။ မိမိကို သေချာစိုက်ကြည့်ပြီး ကျေးဇူးတင်ပါတယ်လို့ ပြောနေလေသည်။ အကြည့်ကို လွှဲလိုက်ကာ တစ်ဖက်ကို လှည့်လိုက်ရသည်။ ထိိုစကားကို တုနှိုင်းခ ကြားခွင့်မရှိဟု ထင်သည််။

ထိုစဉ် တုနှိုင်းခရဲ့အနားကို ခန့်ပိုင်ရောက်လာကာ လက်ကိုဆွဲလိုက်ပြီး ခေါ်သည်။

'ငယ်လေး.. ကိုယ်မင်းကိုနှစ်ယောက်တည်းပြောစရာရှိလို့ ခဏလောက််'

တုနှိုင်းခ လူကြားထဲတွင် ထိုသို့ ပိုင်စိုးပိုင်နင်း လက်လာဆွဲတာကို မကြိုက်ပါ။ ဒါကြောင့် လက်ကို ဖြုတ်ချလိုက်ပြီး မျက်မှောင်ကုတ်ကာ မော့ကြည့်ပြီး ပြောလိုက်သည်။

'အရေးမကြီးဘူးဆိုရင် နောက်မှပြောပါလား ကိုခန့်.. ဒီမှာ ပွဲလည်း မပြီးသေးဘူး .. လူကြီးတွေလည်း ရှိနေတယ်.. ကျွန်တော် တစ်ယောက်တည်းခွဲထွက်လာဖို့မသင့်ဘူး'

တုနှိုင်းခ လွှတ်ချလိုက်သော လက်ကို ခန့်ပိုင်က ပြန်ဆွဲယူလိုက်ပြီး

'ခဏလေးပါဘဲ.. အရေးကြီးလို့ပါ'

ခန့်ပိုင်က တုနှိုင်းခကို အဖြေကို မစောင့်တော့ဘဲ အတင်း ဆွဲခေါ်လာသည်။ အပေါ်ဆုံး ခေါင်မိုးထပ်က လေညှင်းခံရာ ဝရံတာနားလေးကိို ရောက်တော့မှ တုနှိုင်းခက ခန့်ပိုင် ဆွဲထားသော လက်ကို အတင်း ဖြုတ်ချလိုက်သည်။ နာသွားသော လက်ကောက်ဝတ်လေးကို ပွတ်လိုုက်ပြီးမှ ခန့်ပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ ညဘက် ဖြစ်နေတာကြောင့်ရော လေတွေ တိုက်နေတာကြောင့်ပါ အေးနေသောကြောင့်ရော ခန့်ပိုင်နဲ့ နှစ်ယောက်တည်း ရှိမနေချင်တာရောကြောင့် တုနှိုင်းခက မြန်မြန် အောက်ပြန်ဆင်းချင်နေပါသည်။

InnocenceWhere stories live. Discover now