Chapter (23)

84.8K 6.5K 108
                                    

Unicode

**********

'ဟင်.. အဲ့ဒီလူက ဒီရုပ်ရှင်ရဲ့ Producer လား'

'ဟုတ်တယ်လေ. Wave Entertainment ဆိုတာ သူပိုင်တာလေ. အခုလည်း ဒီရုပ်ရှင်ကို မင်းနဲ့ရိုက်ချင်လို့ ဘော့စ်တုနှိုင်းခက အဲ့ဒီ ခန့်ပိုင်ဆိုတဲ့လူကို တော်တော်ပြောထားရတာလို့ ပြောတာဘဲ..'

မန်နေဂျာကိုအောင်ကျော်စကားကိုကြားတာတော့ မြူခိုး အံ့သြသွားမိသည်။

'ဘော့စ်ကဘာကြောင့်များ ဒီရုပ်ရှင်လေးအတွက်နဲ့ ဒီလူကိုအောက်ကျနောက်ကျခံနေရတာလဲ... '

'ဟ ဒီဇာတ်လမ်း ဝတ္ထုစထွက်ကတည်းက ရုပ်ရှင်ရိုက်ချင်တဲ့လူတွေတန်းစီနေလို့ စာရေးဆရာက လေလံနဲ့ကိုရောင်းရတာ.. နောက်ဆုံး အဲ့ဒီ Wave Entertainment ကဝယ်လိုက်နိုင်တာကွ.. အဲ့ဒါနဲ့ ငါတို့ဘော့စ်က အတူတူတွဲရိုက်ဖို့အတင်းပြောတော့ အဲ့ဒီလူကလက်ခံလိုက်တာတဲ့ကွ..'

'သူတို့တွေက အရင်ကတည်းကသိတာလား.'

'ဘော့စ်ငယ်ငယ်လေးတည်းက သိတာနေမှာ. အရင်ကတည်းက ဘော့စ်ဆီကို ခဏခဏ လာတာတွေ့ရတာဘဲ. ဟိုးတစ်ခါတုန်းက ငါတို့ထုတ်လို့ အရမ်းပေါက်သွားတဲ့ ရုပ်ရှင်ကိုလည်း အစက သူဝယ်ထားတာကို ငါတို့ဘော့စ်က လိုချင်တယ်ဆိုလို့ အလကားပေးလိုက်တာတဲ့. ဘော့စ်ကို တော်တော်အလိုလိုက်တဲ့ပုံဘဲ. ရိုးမှရိုးရဲ့လားမသိဘူး. ဟာားဟား..'

ကိုအောင်ကျော်ကတော့ ဒီအတိုင်း နောက်ပြောင်ပြီး ပြောလိုက်တာပါ။ ဒါပေမယ့် ထိုစကားဟာ မြူခိုးရင်ထဲက အပူမီးကို လောင်စာပေးလိုက်သလိုမျိုး စိုးရိမ်စိတ်တွေက တဟုန်းဟုန်း တောက်လာသည်။

မနေ့ညက တွေ့ခဲ့ရသော တုနှိုင်းခနဲ့ ခန့်ပိုင်တို့ စကားပြောနေသော မြင်ကွင်းကို မြင်လိုက်ရပြီးတဲ့ နောက်ပိုင်းမှာ မြူခိုးရဲ့ ရင်ထဲကို ကြီးမားသော လေးလံသော ကျောက်တုံးကြီးကို ဆွဲထားရသလိုမျိုး ခံစားချက်ကို ဖြစ်ပေါ်စေသည်။ အခုတောင် မနက်ပိုင်းက ထိုလူက ရုံးကို ကိုယ်တိုင် ရောက်လာကာ တုနှိုင်းခကို ကားပေါ် တင်ခေါ်သွားသည်ကို တွေ့လိုက်ရသည် မဟုတ်ပါလား။ ခန့်ပိုင်က သေချာပေါက်ကို တုနှိုင်းခကို ချစ်နေတယ် ဆိုတာ အဝေးက မြင်လိုက်ရတာတောင် အရမ်းကို သိသာနေတာ။ ခန့်ပိုင်က အရင်ကတည်းက ဘယ်လိုမျိုးလဲဆိုတာ သိထားတဲ့ မြူခိုးဟာ တုနှိုင်းခကို အနားကို အရောက်မခံနိုင်။ မြူခိုးအနေနဲ့ တုနှိုင်းခကို မပို်င်ဆိုင်ရဘူးဆိုတာ သိသော်လည်း. မသမာသူရဲ့ လက်ထဲကိုတော့ ထည့်မပေးနိုင်ဘူးလေ။ ဘယ်တုန်းထဲက ရင်းနှီးနေတာလဲ. ဘယ်အတိုင်းအတာထိ ရင်းနှီးနေပြီလဲဆိုတာ သိချင်မိပါသည်။

InnocenceWhere stories live. Discover now