Chapter (43)

87.8K 5.6K 193
                                    

BGM for this chapter - Need You Now by Lady Antebellum

*********************************************************************************************


Unicode

**********

Year 2017 , Yangon..

တီ တီ တီ

နှိုးစက်သံကြောင့် မြူခိုး လန့်နိုးလာသည်။ မနေ့က Script တွေဖတ်ထားရတာမို့ အိပ်ရာဝင် နောက်ကျခဲ့တာကြောင့် အိပ်ရေးက သိပ်မဝသေး။ ဒါပေမယ့်လည်း အရေးမကြီး။ အလုပ်တွေကို နှစ်ဆယ့်လေးနာရီလုံးနီးပါး အချိန်ဇယားအပြည့် ပစ်ထည့်ထားတဲ့ သံပတ်ပေးထားသော စက်ရုပ်တစ်ရုပ်လို ဘဝကို ဖြတ်သန်းဖို့ စဉ်းစားထားတဲ့ မြူခိုးအတွက် ကတော့ တစ်နေ့တစ်နေ့ကို အလုပ်တွေ မနားမနေလုပ်ရင်း အချိန်ကုန်ချင်တာသာ အရေးကြီးတာမို့။

နှိုးစက်သံပြီးတော့ တယ်လီဖုန်းမှ Message သံ။

မြူခိုးရဲ့ မန်နေဂျာဖြစ်သူ ကိုအောင်ကျော်ထံမှ ဒီနေ့အတွက် Schedule နှင့် အတွင်းရေးမှုးဖြစ်သူ မတင်ဇာထံမှ ဒီနေ့အတွက် ရုံးမှာ အစည်းအဝေးရှိတာကို Notify လုပ်သော Message နှစ်စောင် တစ်ပြိုင်နက် ဝင်လာတာဖြစ်သည်။

မြူခိုး စစ်ကြည့်လိုက်တော့ ဒီနေ့တစ်နေ့လုံး Shooting တွေကော ရုံးအလုပ်တွေကော စုပုံပြည့်ကျပ်လျက်။ နားချိန်လေးတောင်ရှိမနေ။

မြူခိုး ဖုန်းကိုဘေးက စားပွဲပေါ်တွင် Battery Charge လုပ်ထားလိုက်ပြီး ကုတင်ပေါ်မှထကာ ရေချိုးခန်းထဲကို သွားကာ တစ်ကိုယ်ရည် သန့်ရှင်းကို အမြန်လုပ်၊ အဝတ်အစားလဲသည်။

ပြီးတော့ စာရေးစားပွဲတွင် ထိုင်ကာ မနေ့က ဖတ်ထားခဲ့သော Script တွေ့နဲ့ တစ်ခြားအရေးကြီး စာရွက်စာတမ်းတွေကို စစ်လိုက်ကာ လက်ဆွဲအိတ်ထဲကို ထည့်သည်။ ပြီးတော့မှ မေမေ့ကို Laptop ဖြင့် Video Call ခေါ်သည်။

အခုနောက်ပိုင်း အလုပ်အရမ်းများလာသော မြူခိုးဟာ မိခင်ဖြစ်သူဆီကို အရင်လို မကြာခဏ မသွားနိုင်တော့တာကြောင့် မနက်ခင်းတိုင်းကိုတော့ Video Call ခေါ်ရင်း စကားတွေ ပြောတတ်ပါသည်။

InnocenceWhere stories live. Discover now