Chapter (36)

86.2K 5.9K 325
                                    

Soundtrack for this chapter >> Forgetting You (그대를 잊는다는 건) by Davichi

**********************************************************

Unicode

*************

စေနိုင်သူ ကုတင်ပေါ်တွင် ခြေဆင်းထိုင်ကာ ဒေါ်စိန်စိန်တိုက်သော နွားနို့ကို နည်းနည်းချင်းစီ သောက်နေသော ညီဖြစ်သူကို ကြည့်လိုက်မိလေသည်။ စောစောက ခန့်ပိုင်မပြန်ခင် ပြောသွားသော စကားတစ်ချို့ကို ပြန်လည်ကြားယောင်လာသည်။

မြူခိုးက တုနှိုင်းခကို ချစ်နေသည်တဲ့။ ထူးဆန်းအံ့သြဖွယ် ကောင်းလေစွ။ ဒါကြောင့် တုနှိုင်းခ ခွဲခန်းထဲက ထွက်မလာခင်တုန်းက မြူခိုးရဲ့ပုံစံက စိတ်နဲ့လူနဲ့ မကပ်သလိုဖြစ်နေတာ။ ထွက်လာတော့လည်း တုနှိုင်းခကို ကြည့်နေတဲ့ အကြည့်တွေက အချစ်စိတ်တွေပြည့်နှက်နေတာ။

ဒါဖြင့် တုနှိုင်းခဘက်ကကော မြူခိုးအပေါ်မှာ ဘယ်လိုသဘောထားလဲ။ နှစ်ခါစဉ်းစားစရာမလို။ မြူခိုးက တုနှိုင်းခဆိုတာကို သိိမနေခင် အချိန်ကတည်းက တုနှိုင်းခရဲ့ မြူခိုးအပေါ်ကို အလေးထားမှုက အရမ်းကို နက်ရှိုင်းခဲ့တာ။ ဒါကြောင့် စေနိုင်သူနဲ့ တုနှိုင်းခရဲ့ ပတ်သက်မှုကို မြူခိုး သိသွားတဲ့အချိန်တုန်းက တုနှိုင်းခအရမ်းကို စိတ်ထိခိုက်နေခဲ့တာ။

ဒီထက်ပိုပြီး လွှတ်ထားလိုက်လို့ မဖြစ်။ အခု မြူခိုးဆိုတာ စေနိုင်သူရဲ့ အားနည်းချက်တွေ အကုန်လုံးကို ဆုပ်ကိုင်ထားနိုင်တဲ့လူ ဖြစ်နေတာ တုနှိုင်းခ အပါအဝင်ပေါ့။ စေနိုင်သူ ညီလေးကိုတော့ အလွန်ချစ်သည်။ ဘာဆိုဘာမှ အဖြစ်မခံနိုင်ပါ။ မြူခိုးကလည်း ကြည့်ရတာ တုနှိုင်းခကို လက်လျှော့မည့်ပုံ မပေါ်တော့။ ဒါကြောင့် မြူခိုးနဲ့ တုနှိုင်းခတို့ ဒီထက်ပိုပြီး မနီးစပ်ခင် တစ်ခုခုကြံရမည်။ ရအောင်တားရမည်။ ဆိုဖာပေါ်ကနေ တုနှိုင်းခကို လှမ်းခေါ်လိုက်သည်။

'ငယ်လေး'

တုနှိုင်းခက ကုတင်ပေါ်ကနေ လှမ်းကြည့်သည်။ စေနိုင်သူ ကုတင်နားကို သွားလိုက်ကာ ဘေးတွင် ထိုင်လိုက်သည်။ တစ်ဖက်တွင်ထို်င်နေသော ဒေါ်စိန်စိ်န်က သူနာပြုဆီက ဆေးသွားယူမည်ဟုဆိုကာ ထွက်သွားလေသည်။ ပြီးတော့မှ စေနိုင်သူက စကား စလိုက်လေသည်။

InnocenceWhere stories live. Discover now