Chapter(2)

124K 8.2K 92
                                    

Unicode

**************

   'လာ... သမီး တေးတေး .. တစ်ခါထဲဝင်စားသွားတော့.. အန်တီလည်း ခုလေးတင်ချက်လို့ပြီးတာ'

   တေးက ဒေါ်သီရိ ကိုပြုံးပြရင်း ထမင်းစားခန်းထဲဝင်လာပြီး ဒေါ်သီရိရဲ့ခါးကိုဖက်လိုက်ကာ

       ' အတူတူစားမှာပေါ့ အန်တီရဲ့ .. အရင်ဆုံးကူလုပ်ပေးဦးမယ်အန်တီ့ကို.. ပြီးမှတူတူစားမယ်လေ.. မြူခိုးရော အန်တီ'

        ' သမီးသူငယ်ချင်းကတော့ အောင်စာရင်းကြည့်ပြီးကတည်းက အိပ်လိုက်တာ စောစောကမှနိုးတယ် သမီးရေ .. အခုရေချိုးနေတယ် .. ဒါနဲ့ အစ်ကိုကြီးနဲ့ မမမြတ်ကော ပါမလာဘူးလား'

     ' အစကလိုက်မလို့ဘဲအန်တီရေ.. လာခါနီးမှ ဖေဖေ ဆေးခန်းပြဖို့ရှိတာသတိရသွားလို့ လောလောလောလောနဲ့သွားကြတယ် .... နောက်တစ်ခေါက်မှချက်ကျွေးတဲ့ မေမေကမှာလိုက်တယ်'

    ' နောက်တစ်ခေါက်လည်းချက်ကျွေးမယ် အခုလည်းထည့်ပေးလိုက်ဦးမှာမပူနဲ့ အစ်ကိုကြီးကသွေးတိုးနဲ့မို့ နို့ခေါက်ဆွဲလေးဘဲချက်ထားတာ အပြန်ယူသွားသိလား.. သားစက်ဘီးနဲ့ပြန်လိုက်ပို့ပေးလိမ့်မယ်'

    ထိုအချိန်မှာဘဲ မြူခိုးနဲ့ တိမ်လွှာလေးက ထမင်းစားခန်းထဲကိုဝင်လာလေသည်။

   ' မိတေး.. နင်ငါ့အမေနားကပ်ချွဲပြီး ဘာတွေပြောနေတာလည်း.. '

   ' နင် ရန်ပိုင်တို့အုပ်စုနဲ့ချိန်းပွဲရှိတဲ့အကြောင်းကို အန်တီ့ကိုပြောနေတာဟေ့'

    'ဟဲ့ဟဲ့ မိတေး နင်မထောင်နဲ့နော် အဲ့ဒါကပြီးသွားတာကြာပြီ.. မိတေးလျှောက်ပြောနေတာမေမေ မယုံနဲ့'
    ' အေးလေ .. ခုကောနင်တို့ရန်စကပြီးသွားလို့လား.. ငါအကုန်ပြောလိုက်မှာနော်'

     ' မိတေးမ ဆက်ပြောရင် ငါနင့်ကိုအိမ်ပြန်လိုက်မပို့ဘူးနော်'

      မြူခိုးနဲ့ တေးတို့ ခွန်းကြီးခွန်းငယ်စကားနိုင်လုနေကြတာကို ကြည့်ရင်းတိမ်လွှာလေးက တခစ်ခစ်ရယ်နေလေသည်။ နောက်ဆုံးဒေါ်သီရိက ဝင်တားရလေတော့သည်။

   ' ကဲပါ.. တော်ကြပါတော့ကွယ် .. သားကလည်း တေးတေးက စိုးရိမ်လို့ပြောတာပါကွယ် ပြီးတော့ မေမေလည်းသားရန်ဖြစ်တာကိုရှောင်စေချင်တယ် .. သားကပင်ကိုအေးပေမယ့် မဟုတ်မခံစိတ်ရှိတော့ စိတ်မထိန်းနိုင်မှာ စိုးလို့ပါ'

InnocenceWhere stories live. Discover now