Epilogue

122K 6.8K 525
                                    

BGM for this chapter - Because of you by 98'

***************************************************************************************

Unicode

************

"နှိုင်း..."

"..."

"နှိုင်းခဏစောင့်ဦးလေ.."

အရှေ့က ပြေးထွက်သွားသော တုနှိုင်းခ မြူခိုးကို လုံးဝကိုလှည့်မကြည့် ရပ်ထားသော ကားအဖြူလေးဆီကို ပြေးသွားကာ ကားပေါ်ပြေးတက်သည်။ မြူခိုးကလည်း ခပ်မြန်မြန်ပင် အနားကို ရောက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။ ကားစက်နှိုးရန်ပြင်နေသော တုနှိုင်းခလက်ထဲက ကားသော့လေးကို ဆွဲယူလိုက်သည်။

"ဘာလုပ်တာလဲ မြူခိုး..ဖယ်စမ်း"

မြူခိုးကို တွန်းဖယ်ကာ တံခါးကို ဆွဲပိတ်မည်ဟန်ပြင်နေသော တုနှိုင်းခ။ ဒါကြောင့် မြူခိုးက အားဖြင့် တံခါးကို တွန်းဖွင့်ထားလိုက်ပြီးနောက် ခါးကိုကိုင်းလိုက်ပြီး ကားထဲကို ဝင်လိုက်ကာ တုနှိုင်းခ အနီးသို့ တိုးကပ်သွားလေသည်။

ရုတ််တရတ် နီးကပ်သွားသော ခန္ဓာကိုယ်နှစ်ခုကြောင့် တုနှိုင်းခ မျက်နှာလေး နီရဲသွားပြန်လေသည်။ ဒီလိုအနေအထားမျိုးကြီးကို ကြောက်ပါတယ်ဆိုတာကို။ အသက်ရှူသံတွေ ကြားလောက်အောင်ကို နီးကပ်နေသော မြူခိုးနဲ့တုနှိုင်းခ။ နီရဲနေသော မျက်နာလေး တစ်ဖျတ််ဖျတ်လတ်နေသော မျက်လုံးဝိုင်းဝိုင်းလေးတွေ၊ ထုံးစံအတိုင်း မျက်မှောင်ကို ကုတ်ထားသေးတာ၊ ပြီးတော့ အသည်းယားဖွယ် ဆူပုတ်ထားလေသော နှုတ်ခမ်းပါးလေး..။

ကျစ်.. တုနှိုင်းခတစ်ယောက် မြူခိုးကို စိတ်မထိန်းနိုင်အောင်လုပ်နေပြန်ပြီ။ မြူခိုးနဲ့ ဒီအနေအထား ဖြစ်သွားတာနဲ့ တုနှိုင်းခ နှုတ်ခမ်းလေးတွေကို လက်နဲ့ပိတ်လိုက်သည်။ ဟိုတနေ့က ကိစ္စကြီး ထပ်ဖြစ်လာမှာဆိုးသည်လေ။

"မင်း.မင်း. လူတွေရှေ့ကြီးမှာ ဘာမှလျှောက်မလုပ်နဲ့.."

မြူခိုး ခဏသာငြိမ်သက်သွားပြီး တုနှိုင်းခကိုသာ စိုက်ကြည့်နေတာကြောင့် တုနှိုင်းခ ပါးစပ်ကို အုပ်ထားသော လက်တွေကို ခဏဖယ်ကာ မရဲတရဲပြောသည်။ မြူခိုး တုနှိုင်းခဖြစ်ပုံကိုကြည့်ကာ ရယ်လိုက်မိသည်။ ပြီးတော့မှ မြူခိုးအကြည့်တွေကို တုနှိုင်းခဆီမှခွာလိုက်ပြီး ကားထဲက ဒရိုင်ဘာခုံပေါ်တွင်ထိုင်နေသော တုနှိုင်းခကို ပွေ့မလိုက်ကာ တစ်ဖက်ဘေးက Lover Seat ကို ပြောင်းပေးလိုက်သည်။ တုနှိုင်းခ ငြင်းချိန် ရုန်းကန်ချိန်ပင်မရတော့ဘဲ စွေ့ခနဲ ဘေးခုံကိုရောက်သွားလေသည်။ ပြီးတော့ မြူခိုးက တုနှိုင်းခကားထဲကို ဝင်ထိုင်လိုက်ကာ ကားတံခါးကို Lock ချလိုက်ပြီး ကားစက်နှိုးလိုက်တော့ ဘေးက တုနှိုင်းခ ထအော်လေသည်။

InnocenceWhere stories live. Discover now