Chapter (38)

89.5K 5.9K 594
                                    


BGM for this Chapter - Sad Song By We The King Ft. Elena Coats

*****************************************************************************************************

Unicode

*********

တုုနှိုင်းခ အပြင်မထွက်ရတာ တစ်လလောက်တောင် ရှိနေပြီ။ အလုပ်ကိုလည်း သွားခွင့်မပေးကြ။ အိမ်ကနေဘဲ မတင်ဇာက တဆင့် လုပ်စရာရှိတာကို လုပ်နေရတာဖြစ်သည်။ စေနိုင်သူအိမ်မှာ မရှိ။ အခုတလော ခန့်ပိုင်နဲ့ အပြင်ကို ခဏခဏ ထွက်နေသည်။ ဘာတွေ ကြံစည် နေကြပြန်ပြီလည်း တော့ မသိပေ။

အရင်တစ်ခါ မြူခိုး အိမ်ကိုရောက်လာပြီး ကိုကြီးကို မခံချင်အောင် ပြောသွားပြီးကတည်းက ကိုကြီးက အိမ်ကို အစောင့်တွေ ချထားတော့သည်။ အထူးသဖြင့် တုနှိုင်းခနားမှာ။ ကိုယ့်အိမ်ထဲမှာတောင် မျက်စိဒေါက်ထောက် အကြည့်ခံနေရတဲ့ ဘဝ။ စိတ်ညစ်ဖို့ ကောင်းလှပါသည်။ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း နေနိုင်တဲ့နေရာဆိုလို့ အိပ်ခန်း တစ်ခုတည်းသာရှိသည်။ ဒါတောင် အခန်းဝမှာ စောင့်နေတဲ့လူတွေက ရှိသေး။

ဒါကြောင့် တုနှိုင်းခ အခန်းထဲမှာသာ နေဖြစ်သည်။ အခုလည်း အခန်းထဲ ပြတင်းပေါက်ဘေးက ကြိမ်ကုလားထိုင်လေးပေါ်တွင် ထိုင်ကာ ဟိုတွေးဒီတွေး။ မိုးတွေက သည်းကြီးမည်းကြီး ရွာနေတာမို့ ညနေစောင်းအချိန်သာ ရှိနေသေးသော်လည်း ညအချိန်လိုဘဲ မည်းမှောင်လျက်။ လေပြင်းများလည်း တိုက်နေသည်။ လေပြင်းတို့ ပိတ်ထားသော ပြတင်းပေါက်တံခါးကို တဝုန်းဝုန်း တိုက်ခတ်နေသော အသံကိုလည်းကြားနေရသည်။

ထိုစဉ် တံခါးခေါက်သံကြားရသည်။ ပြီးတော့ အခန်းထဲကို တေးဝင်လာလေသည်။ အပြင်ကအခုမှ ပြန်လာဟန်တူသည်။ တေးက တုနှိုင်းခထိုင်နေသော ကုလားထိုင်လေးရှေ့တွင်ချထားသော ကုလားထိုင်ပေါ်ကို ဝင်ထိုင်လိုက်သည်။ တုနှိုင်းခက ထိုင်နေရက်ကပင်တေးကို ခပ်နွမ်းနွမ်းလေးရယ်ပြသည်။

InnocenceWhere stories live. Discover now