Chapter (42)

84.3K 6.1K 487
                                    

BGM for this Chapter - Unconditionally by Katy Perry

**************************************************************************************

Unicode

*********

"ကိုကြီး ကျွန်တော်တောင်းပန်ပါတယ်.."

တုနှိုင်းခက အချုပ််ခန်းသံတိုင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်းပြောလိုက်သည််။

"အခုမှတောင်းပန်လို့ရော ဘာထူးလာမှာမို့လို့လည်း.."

စေနိုင်သူ ဒေါသမျက်လုံးတွေနဲ့ တုနှိုင်းခကို စူးစူးရဲရဲစိုက်ကြည့်လိုက်ကာပြန်ပြောသောအခါ

စေနိုင်သူစကားကြောင့် တုနှိုင်းခ ခေါင်းလေးငုံ့သွားသည်။

"ကျွန်တော် တောင်းပန်ပါတယ်.."

နောက်ထပ်ပြောစရာစကားကို စဉ်းစားလို့မရနိုင်တာကြောင့် တုနှိုင်းခ အစ်ကိုဖြစ်သူကို တောင်းပန်ပါတယ် ဆိုတာကိုဘဲ နောက်တစ်ခေါက် ထပ်ပြောနေမိသည်။ တေးနုယဉ်က ဘေးကနေ တုနှိုင်းခ ပခုံးလေးကို ခပ်ဖွဖွကိုင်လိုက်ပြီး အားပေးသည်။ ပြီးတော့မှ အချုပ်ခန်းထဲတွင် ရောက်နေသော စေနိုင်သူကို ပြောလိုက်သည်။

"ငယ်လေးမှာ အပြစ်မရှိပါဘူးကိုစေရယ်.. တကယ့်တကယ်တမ်းဖြစ်သွားတဲ့ ကိစ္စတွေကို ပြန်စဉ်းစားကြည့်လိုက်ရင် အားလုံးက အပြစ်နဲ့လွတ်တဲ့လူမရှိပါဘူး.. ကိုခန့် ဒီလိုဖြစ်ရတာ တေးတို့ အရမ်းထိခိုက်ရသလို အများကြီးလည်းခံစားရပါတယ်"

"မင်းလျှောက်ပြီး ပြောမနေနဲ့တေး.. ငယ်လေးသာ ဒီအတိုင်းငြိမ်ပြီးနေခဲ့ရင် ငါလည်း အခုအချိန် ဒီမှာရောက်နေရမှာ မဟုတ်ဘူး.. အစကတည်းက ငယ်လေး မြူခိုးကို စင်တင်မပေးခဲ့ရင်.. နောက်ပိုင်း တောက်လျှောက်လည်း မြူခိုးနဲ့ ငါ့ရဲ့ကြားထဲကို ဝင်မပါခဲ့ရင်.. ဒီလိုဖြစ်လာမှာ မဟုတ်ဘူး.. အဆိုးဆုံးကဘာလည်းသိလား.. မြူခိုးနဲ့ လူကြားမကောင်းတဲ့ အခြေအနေထိ ဖြစ်သွားခဲ့တာဘဲ.. တောက်"

InnocenceWhere stories live. Discover now