Chapter (17)

85.9K 7.6K 126
                                    

Unicode

**********

'သားကြီး မင်းတော့အောင်မြင်ပြီ. စာချုပ်ချုပ််ပြီးပြီ ဇာတ်လမ်းရိုက်ဖို့လည်း လုပ်ပြီးပြီဆိုတော့ မြူခိုးရေ ပိုက်ဆံတွေ အိတ်ထဲရောက်ဖို့သာ ပြင်ထားလိုက်တော့.'

စည်သူက ဝမ်းသာအားရပြောလေသည်။ အခုရောက်နေတာက ဘားတစ်ခုမှာဖြစ်သည်။ မြူခိုး အရွေးခံရသဖြင့် စည်သူနှင့်နေခွန်းတို့အား လာရောက် ဧည့်ခံကျွေးမွေးရခြင်း ဖြစ်လေသည်။ မောင်မင်းကြီးသားနှစ်ယောက်က အရက်ပါအဝတိုက်ရမည်ဆိုသဖြင့် ဒီဘားကို ရောက်လာကြခြင်း ဖြစ်လေသည်။ မြူခိုးကတော့ ထောင်ထဲမှာနေတုန်းက ထောင်သားတွေ အရက် ခိုးသောက်ကြတုန်းက နည်းနည်းပါးပါး အရက် သောက်ကြည့်ဖူးသည်မှလွဲပြီး သိပ် မသောက်တတ်ပါ။ မောင်မင်းကြီးသား နှစ်ယောက်ကတော့ သောက်လိုက်ကြသည်မှာ ရေသောက်သလား မှတ်ရလေသည်။ Gold Label တစ်ပုလင်းကို ပြောင်အောင် သောက်ပြီးသည့် အပြင်ကို နောက်ထပ် တစ်ပုလင်းကို စသောက်နေတာတောင် မမူးကြသေး။ တော်တော်ကို ကြွက်တွင်း ဖြစ််နေကြတာဘဲ။

နေခွန်းကလည်း လက်ထဲက အရက်ခွက်ထဲမှ အရက်ကို အကုန် မော့သောက်လိုက်ပြီးနောက် ထပ်ပြောသည်။

'အေးကွ. စာချုပ်ချုပ်ပြီးတာနဲ့ မန်နေဂျာသီးသန့် ဒီဇိုင်နာ Stylistတွေ ထားပေးတယ်ဆိုတာ အရမ်းကြီးကို ရှယ်ကျလွန်းပါတယ်ကွာ. ဒါကြောင့်မို့လို့ Miracleနဲ့ စာချုပ်ချုပ်ပြီးရင် ထပ်မပြောင်းချင်ကြဘူးလို့ ပြောကြတာ. အရမ်းအားကျတယ်ကွာ..'

မြူခိုးကတော့ ပြုံးရုံသာပြုံးနေလေသည်။ ထို့နောက်ပြောပြသည်။

'ငါလည်း ပါသွားမယ်လို့ကို မထင်တာ။ Training ကာလတုန်းကဆိုရင် ကြမ်းလွန်းလို့ ထွက်ပြေးချင်စိတ်တောင် ပေါက်တယ်။ ဒီကြားထဲ ငါ့ကို ထောင်ထွက် ဂေးတစ်ယောက်ဆိုပြီး ခဏခဏ ရန်လာစတဲ့ကောင်တွေ ရှိတယ်. ဆွဲထိုးချင်တာ လက််ကိုယားနေတာဘဲ. တော်တော်ကို စိတ်လျှော့ထားရတာ'

'အေးပါကွာ. မင်းသည်းခံလိုက်လို့လည်း ဒီအထိ ရောက်လာတာပေါ့. မဟုတ်ရင် တုနှိုင်းခက မင်းကို ကန်ထုတ်လိုက်လိမ့်မယ်'

InnocenceWhere stories live. Discover now