Chapter (35)

82.8K 6.1K 173
                                    

Unicode

************

\ စေနိုင်သူ၊ တေးနုယဉ်နှင့် ဒေါ်စိန်စိန်တို့့ အရေးပေါ်ခွဲစိတ်ခန်းဆီသို့ အမြန်ပင် လျှောက်လာမိလေသည်။ ခွဲခန်းရှေ့တွင် မြူခိုးနှင့် ခန့်ပိုင်တို့ ရှိနေသည်။ ခွဲခန်းရှေ့သို့ ရောက်ရောက်ချင်း စေနိုင်သူက ခန့်ပိုင်ကို မေးသည်။

"အခြေအနေဘယ်လိုလဲ"

ခန့်ပိုင်က ခေါင်းခါပြလိုက်ကာ။

"သစ်သားချောင်းတွေ ရိုက်မိသွားပြီးကတည်းက သတိလစ်သွားတာ အခုထိတော့ ဆရာဝန်တွေ ဘာမှလာမပြောသေးဘူး.."

စေနိုင်သူ ချွေးတွေပျံနေသော မျက်နှာကို တစ်ချက် ပွတ်သုတ်လိုက်ရင်း ပါးစပ်ကလည်း စိတ်မောစွာ အားခနဲ ခပ်တိုးတိုး ညည်းညူလိုက်သည်။

တေးနုယဉ်က မျက်ရည်တွေကျလျက် ငြိမ်နေသလို ဒေါ်စိန်စိန်ကလည်း ပါးစပ်က ဘုရားစာတွေကို ရွတ်ဆိုလျက် ထိုင်ပင်မထိုင်နိုင် ဟိုဘက်ဒီဘက်လမ်းလျှောက်နေလေသည်။

စေနိုင်သူ မြူခိုးကို ကြည့်လိုက်သည်။ မြူခိုးမှာ ခေါင်းကို ငိုက်စိုက်ချထားလျက် ကြမ်းပြင်ပေါ်တွင်ပင် မလှုပ်မယှက် နံရံကိုမှီကာထိုင်နေသည်။ ခေါင်းငိုက်စိုက် ချထားတာကြောင့့် မျက်လုံးတွေကို သေချာမမြင်ရ။ အဖြူရောင်ရှပ်အကျီနှင့် လက်တို့်တွင် တုနှိုင်းခရဲ့ သွေးတွေ ပေနေလေသည်။ စေနိုင်သူကို တစ်ချက််တော့ မော့ကြည့်သည်။ မျက်လုံးတွေကတော့ တည်ငြိမ် အေးစက်နေလျက်။

အမှန်တကယ်တော့ မြူခိုးရင်ထဲတွင် ဆောက်တည်ရာမရ ပူပန်နေလျက်ရှိပါသည်။ စေနိုင်သူရှေ့မှာမို့ မနည်း အားတင်းထားရတာ။ တုနှိုင်းခကို သစ်သားချောင်းတွေ ရိုက်မိလိုက်တာ ကြမ်းပြင်ပေါ်ကို လဲကျသွားတာတွေကို မျက်စိရှေ့တွင် မြင်လိုက်ရတာက မြူခိုးအတွက် ငရဲကျတာထက်ပင် ဆိုးရွားနေတာ။ နှလုံးသားကို ဆုတ်ချေနေသလို နာကျင်ရတာ။ ပိုဆိုးတာက မြူခိုးကို တုနှိုင်းခက ကာကွယ်လိုက်ခြင်း။ မြူခိုးထိခိုက်ရမည့် အစား တုနှိုင်းခက ကိုယ်စား ထိခိုက်ခံသွားရခြင်း။

ဘာကြောင့်များ တုနှိုင်းခ ထိုသို့ပြုမူရသနည်း။ တုနှိုင်းခထိခိုက်သွားရင် မြူခိုး သေလောက်အောင် ခံစားရမည်ဆိုတာ မသိလေရော့သလား။ မြူခိုးကိုယ်တိုင် သေချင်သေသွားပါစေ တုနှိုင်းခကို နေထိုးနေထိတာပင် မခံနိုင်တာကို သိရဲ့သားနဲ့ ထိုကလေးမြူခိုးကို တမင်ပင်ရက်စက်လေသလား။ အခုလည်း လဲကျသွားပြီးကတည်းက လုံးဝ သတိပြန်မရတော့သည်မှာ အခုထိ။ ခေါင်းကနေ သွေးတွေ စီးကျလာတာ တစ်ခုခုများဖြစ်သွားရင် မြူခိုးရူးသွားမှာအသေအချာ။

InnocenceWhere stories live. Discover now