Thank You!!!

79.8K 4.8K 297
                                    




Unicode

**********

Innocence ရဲ့ Main Story ကဒီနေရာမှာတင်ဘဲ ဇာတ်သိမ်းပါပြီရှင်။

ပထမဆုံးအနေနဲ့ ဒီဝထ္ထုလေးကို Wattpad မှာ စပြီး Publish လုပ်တုန်းက ဖတ်ကြည့်ပေးပါလို့ ညမွှေးအကူအညီတောင်းခဲ့တဲ့အချိန်တုန်းက စလို့ အခုအချိန်ထိ အားပေးခဲ့ပေးတဲ့ မမအကြင်နာမွန်ကိုကျေးဇူးတင်လိုပါတယ်ရှင်။ မမရဲ့ဇာတ်လမ်းတွေကို ဖတ်ကြည့်ပြီးတော့ ကိုယ်တိုင် ခံစားခဲ့ရပြီးတော့ ကိုယ့်ရဲ့ဇာတ်လမ်းတွေကိုလည်း လူတွေကို ချပြချင်တဲ့စိတ်တွေဖြစ်ပေါ်လာစေခဲ့တာပါ။ ကျေးဇူးအများကြီးတင်ပါတယ်လို့။

နောက်ပြီးတော့ အဓိက ကျေးဇူးတင်ချင်တာကတော့ စာဖတ်သူတွေပါဘဲရှင်။ စာဖတ်သူတွေက စိတ်ရှည်လက်ရှည်ဖတ်ပေးခဲ့လို့သာ Notebookထဲမှာ အကြမ်းအနေနဲ့ ဒီအတိုင်းရှိနေတော့မယ်လို့ထင်ထားခဲ့တဲ့ Innocence လေးဟာ ဇာတ်သိမ်းတဲ့အထိ ဆက်လက်အသက်ဝင်နေနိုင်ခဲ့တာပါ။ အဲ့ဒီအတွက်ကြောင့် စာတစ်ကြောင်းဘဲဖြစ်ဖြစ် Chapter တစ်ခုဘဲဖြစ်ဖြစ် ဇာတ်လမ်းတစ်ခုလုံးဘဲဖြစ်ဖြစ်ဖတ်ပေးခဲ့တဲ့ စာဖတ်သူတွေကို တကယ့်ကိုလှိုက်လှိုက်လှဲလှဲနဲ့ကျေးဇူးတင်ချင်ပါတယ်ရှင်။

ပြီးတော့နောက်တစ်ခုကတော့ မြူခိုးနဲ့ တုနှိုင်းခကို အပြင်မှာတကယ်ရှိိတဲ့လူတွေလိုချစ်ပေးကြတဲ့အတွက် အရမ်းကိုဝမ်းသာပျော်ရွှင်ပြီး ကျေးဇူးတင်မိပါတယ်ရှင်။ စာရေးသူတစ်ယောက်အတွက် ကိုယ်ဖန်တီးထားတဲ့ Character တွေကို စာဖတ်သူတွေက ချစ်ပေးတာလောက် ပျော်စရာကောင်းတာမရှိလိို့ပါ။

Role Play Facebook Account လေးတွေကိုပါဝိုင်းချစ်ပေးကြတာကိုတွေ့ပြီး တကယ့်ကိုဘဲ ပျော်ရွှင်ရပါတယ်ရှင်။ Role Play လေးတွေအကုန်လုံးလည်းချစ်ပါတယ်လို့။ သူတို့လေးတွေတင်တဲ့ status တွေ Comment တွေကိုဖတ်ကြည့်ပြီး ရယ်ရတာ ခဏခဏပါ။

ကိုယ်ရေးထားတာတွေကို ကိုယ်ပြန်ဖတ်ကြည့်လိုက်မိတိုင်း လိုအပ်ချက်တွေ အများကြီးဘဲပြန်ပြန်တွေ့နေရပါတယ်။ ဒါကိုသည်းခံနားလည်ပေးပြီး ဖတ်ပေးခဲ့ကြတဲ့ စာဖတ်သူတွေအားလုံးကို ထပ်ပြီးတော့ ကျေးဇူးတင်ချင်ပါတယ်ရှင်။ ပြီးတော့ Comment တွေကို အားလုံး Reply ပြန်နိုင်အောင်ကြိုးစားထားပေမယ့် တကယ်လို့များ မပြန်ဖြစ်ခဲ့တာမျိုးတွေရှိရင် ခွင့်လွှတ်ပေးပါနော်။

InnocenceWhere stories live. Discover now