Chapter (6)

93.6K 6.7K 39
                                    

Unicode

***********

' ဟယ်..ဝမ်းသာလိုက်တာ...ဒါဆိုရင် မြူခိုးက အရွေးခံရတယ်ပေါ့့လေ'

တေးက တိမ်လွှာလေးရဲ့ဆံပင်လေးတွေကို ကျစ်ဆံမြီးကျစ်ပေးနေရင်းက ပြောလိုက်တာဖြစ်သည်။ မြူခိုးခေါင်းငြိမ့်ပြလိုက်ရင်းဆက်ပြောသည်။

'အင်း.. ဒါရိုက်တာကြီးက တစ်ခြားသူတွေကို ထပ်မရွေးတော့ဘူး.. ကိုယ့်ကိုဘဲသဘောကျသွားလို့ ကိုယ်တစ်ယောက်ထဲကိုဘဲ ရွေးလိုက်တာတဲ့'

'ဒါဖြင့်ရင် ဘယ်တော့စရိုက်ရမှာတဲ့လဲ'

'အခုက ကိုယ်လည်း စာမေးပွဲမပြီးသေးဘူးလေ. လောလောဆယ်တော့ ဇာတ်ညွှန်းတွေကို လေ့ကျင်ပေးမယ်တဲ့. ညနေ ကျောင်းဆင်းပြီဆိုရင် သွားရမယ်. စရိုက်တာတော့ ဒီSemesterပြီးလောက်မှဘဲ ဖြစ်မယ်ထင်တယ်. အခုတော့ စာချုပ်ဘဲ ချုပ်ထားရတယ်. ကိုယ်က သူတို့အပိုင်ပေါ့. အခု သေချာဖတ်ကြည့်ပြီးရင်..မနက်ဖြန်ကျရင် လက်မှတ်ထိုးပြီးသွားပေးရမယ်'

ထိုစဉ် မြူခိုးမေမေ ဒေါ်သီရိက အအေးခွက်များထည့်ထားသော ဗန်းကိုယူလာကာ တေးတို့ ထိုင်သောစားပွဲခုံပေါ်တွင် ချထားလိုက်ပြီး

'သားစာချုပ်ကိုသေချာဖတ်ကြည့်ဦးနော်..ဒါမှာလိုတာတွေကိုပြင်ဆင်လို့ရမှာ..'

'ဟုတ်ကဲ့ပါမေမေရဲ့.. ဘာမှလည်း မရိုးသားတာ မပါပါဘူး. ဒီအခု အစမ်းလေ့ကျင့်ကာလကနေ ဇာတ်ကားရိုက်ပြီးတဲ့အချိန်အထိ ကာလအတွင်းမှာ သားဘက်က နာမည်ပျက်ရှိလို့ မရဘူးပေါ့နော်.. တခြားအလုပ်တွေလည်း မလက်ခံရဘူးပေါ့. ဒီလောက်ပါဘဲ.. မနက်ဖြန်ကျရင်လက်မှတ်ထိုးပွဲတဲ့. .Producerတွေ Sponsorပေးတဲ့ လူတွေနဲ့လည်း တစ်ခါတည်း မိတ်ဆက်ပေးတဲ့ သဘောပေါ့.. ဒီလောက်ပါဘဲ.'

'ဒါဆိုရင် ကိုကြီးက ရုပ်ရှင်မင်းသားဖြစ်တော့မှာပေါ့.. အင်း..ကျောင်းက သမီးသူငယ်ချင်းတွေတော့ သမီးကို အတင်း လိုက်ဖားနေကြတော့မှာဘဲ.. အခုတောင် ကို်ကြီးအကြောင်းတွေအ ရမ်းလိုက်မေးနေကြတာ...'

တိမ်လွှာလေးကဝင်ပြောတော့ မြူခိုးဘေးတွင်ထိုင်နေသောတေးပခုံးကိုလှမ်းဖက်လိုက်ပြီး'

InnocenceWhere stories live. Discover now