Chapter (9)

76.4K 6K 47
                                    

Unicode

*************

နားနေခန်းထဲတွင် သူ့အတွက် စီစဉ်ပေးထားသော မိတ်ကပ်ဆရာနှင့် ဒီဇိုင်နာတို့ကို အပြင်သို့ ခဏ ထွက်ခိုင်းလိုက်သည်။ ထို့နောက် သက်ပြင်းကိုချပြီး တုန်ယင်နေသော လက်တွေဖြင့် သူမမေ့မလျော့ယူလာခဲ့သော ကျောပိုးအိတ်ကို ဖွင့်လိုက်သည်။ အထဲက ဆေးထိုးအပ်နှင့် ဆေးပုလင်းတွေကို ရွံရှာစွာ ကြည့်လိုက်မိသည်။ ထို့နောက် နာကျင်စွာ ပြုံးလိုက်သည်။ ဘယ်လောက်ရွံရှာရွံရှာ အခုအချိန်မှာတော့ ထိုအရာတွေကို သူလိုအပ်နေသေးသည်။

စေနိုင်သူသည် ယုတ်မာရာတွင် အလွန်ညဏ်ပြေးသူဟု ပြောရမည်လား။ မိမိကို ဂေးတစ်ယောက်နှင့် အရင်ကြံစည်သည်။ ထိုနည်းနှင့် အဆင်မပြေတော့ ဒီနည်းကိုသုံးသည်။ သူအခု မိမိအပေါ် သုံးသောနည်းသည် အလွန်ထိရောက်သည်လို့ဘဲ ပြောရမည်လား။ မိမိကို ဆေးစွဲအောင်လုပ်ယုံနဲ့ မိမိကို ဖျက်ဆီးလို့ ရပြီလို့ ထင်တယ်ဆိုရင်တော့ မှားသွားပြီဘဲ။ မိမိသည် ယောက်ျားတစ်ယောက်ဖြစ်သည်။ မိမိဘဝကို သူများအဖျက်ဆီးမခံ။

စေနိုင်သူ မိမိအပေါ် ဘာကြောင့်ယုတ်မာသနည်းဆိုတာ နှစ်ခါစဉ်းစားစရာမလို။ မိမိသူ့အပေါ် ဘာမှမလုပ်ထား။ တေးကြောင့်ဘဲဖြစ်မည်။ ယခုထိဘာမှမသိရှာသေးသော တေး မေမေနှင့် ညီမလေးတို့ကို သနားသည်။ စေနိုင်သူ့အပေါ် ဘာမှလည်းပြန်မလုပ်လိုတော့ပါ။ အလကား အရှက်ကွဲတာသာ အဖတ်တင်မည်။

တေးသည်လည်း မိမိအပေါ်မှာ ဘာအကြောင်းကြောင့်မှ သစ္စာဖောက်မည့်လူမျိုး မဟုတ်သဖြင့် နောက်မှသာ ဥပဒေအတွင်းက ဖြေရှင်းတော့မည်။ တွေးနေရင်းပင် လက်တွေက တဆတ်ဆတ်တုန်လာသောကြောင့် ဆေးထိုးအပ်ကိုယူကာ ဆေးထိုးလိုက်ရပြန်သည်။ ထိုရွံစရာ စိတ်ပျက်စရာကောင်းသောအရာတွေကို ဒီတစ်ခါ နောက်ဆုံးသုံးတာ ဖြစ်စေရမည်။ ဒီနေ့ပွဲပြီးတာနဲ့ ဆေးသွားဖြတ်မည်။ မိမိဘဝဘာမှမဖြစ်စေရ။

********************************************************************************

ကင်မရာမီးများက တဖျတ်ဖျတ်။ ဖိတ်ကြားထားသော ဧည့်သည်များနှင့်အတူ မီဒီယာသမားများက ထင်ထားတာထက်ကို ပိုမိုတက်ရောက်ကြလေသည်။ ဇာတ်ကားမိတ်ဆက်ပွဲနဲ့အတူ Castရွေးရာမှာ Strict ဖြစ်သည်ဟု နာမည်ကြီးသော ဒါရိုက်တာက စင်တင်ရိုက်ကူးမည် ဆိုသောကြောင့် မီဒီယာသမားတွေက ပိုစိတ်ဝင်စားကြတာဖြစ်မည်။

InnocenceWhere stories live. Discover now