Lollipop

133K 6K 516
                                    

Unicode

*********

ခေါင်းထဲက စစ်ခနဲ စစ်ခနဲကိုက်နေသည်။

အိပ်ရာနိုးလာတော့ စိတ်ထဲက မနက်မိုးလင်းနေပြီဆိုတာကိုလည်း သိိလိုက်သည်။

ထထိုင်ဖို့ ကိုယ်ကို လှုပ်အကြည့် နောက်ကျောဘက်မှ အသက်ရှူသံပြင်းပြင်းနှင့်အတူ မိမိကို အနောက်ဘက်ကနေ တစ်စုံတစ်ယောက်က တင်းကြပ်စွာပွေ့ဖက်ထားတာကို ခံစားမိလိုက်သည်။

ပြီးတော့ ခြုံထားသော စောင်အောက်က မိမိခန္ဓာကိုယ်မှာ ဘာအဝတ်မှရှိမနေ။ ထို့အတူ နောက်ကဖက်ထားတဲ့လူမှာလည်း အဝတ်မပါဘူးဆိုတာကို အထိအတွေ့အရ ခံစားမိလိုက်သည်။

ရင်းနှီးနေသော ကိုယ်နံ့အရ နောက်ကလူက မြူခိုး။

ထို့နောက် ညက အဖြစ်အပျက်တွေ ခေါင်းထဲမှာ အစီအရီပြန်ပေါ်လာကြလေသည်။

ညက တုနှိုင်းခ အရက်တွေမူးသဖြင့် မြူခိုိးလာခေါ်တာ....။ ဟိုတယ်ရောက်တော့ အကုန်အန်ထွက်တာ.. ပြီးတော့ ပြီးတော့ မိမိက မြူခိုးကို.. ပြီးတော့ အဲ့ဒီနောက်ပိုင်း ဆက်ဖြစ်တာတွေ တစ်ခုပြီး တစ်ခု မျက််လုံးထဲ ပြန်မြင်လာလေသည်..။ အသေးစိတ်.. တစ်ခုချင်းစီ.. တိတိကျကျ...။

ဒါ.. ဒါဆိုရင်.. မြူခိုးနဲ့ မိမိတို့.........။

မြတ်စွာဘုရား...။

တုနှိုင်းခ မျက်လုံးပြူးလေးနှင့် တံတွေးကို ဂလုခနဲ မြိုချလိုက်မိသည်..။ ပါးတွေ ပူတက်လာတာကိုပါ ခံစားမိလိုက်သည်။ ခန္ဓာကိုယ်တစ်ဝက်ကိိုသာ ဖုံးထားသောစောင်ကို ကမန်းကတမ်း ရင်ဘတ်ထိဆွဲခြုံလိုက်မိလေသည်။

တုနှိုင်းခ စိတ်ပျက်လက်ပျက်ဖြင့် ကိုယ်နှာဖူးကိုယ် လက်သီးဖြင့်ထုလိုက်မိပြီ..။

မြူခိုး.. နှာဗူးကြီး.. လူယုတ်မာကြီး.. မူးနေတဲ့ လူကို အခွင့်အရေးယူတဲ့ အခွင့်အရေးသမားကြီး...။

တုနှိုင်းခ စိတ်ထဲက  နေသာ ကျိန်ဆဲရဲသည်။ ခနာကိုယ်ကို အရမ်းမလှုပ်ရဲသေး...။ နောက်က လူကြီးနိုးသွားရင် ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမယ်မှန်းမသိသေးဘူးလေ..။ အခုကျောပေးထားတာတောင် ရင်တွေအရမ်းခုန်နေတာ..။

InnocenceWhere stories live. Discover now