Chapter (12)

81.6K 6.5K 185
                                    

Unicode

**********

မြူခိုးသည် မျက်စိရှေ့တွင် အသိစိတ်ကင်းမဲ့စွာ ထိုင်နေသော မေမေ့ကို ရင်နင့်စွာ မြင်နေရသည်။ မေမေ့လက်ကိုကိုင်စွဲကာ ရင်ဘတ်မှာ ကပ်လိုက်မိသည်။ မေမေ့ဝေဒနာတွေသည် မိမိ လက်ရှိ ခံစားနေရသော ခံစားမှုတွေနှင့် ရောသွားကြသည်ထင့်။ ရင်ဘတ် အတွင်းတစ်နေရာဆီမှ အက်ဆစ်သုတ်ထားသော သံချွန်နှင့် အချက်ပေါင်းများစွာ အထိုးခံနေရသလို နာကျင်မှုများကို တဆစ်ဆစ်ခံစားလာရသည်။ နေခွန်းနဲ့ စည်သူရဲ့စကားကို သူမကြားတချက်ကြားတစ်ချက်။

'မင်းညီမလေးရက်လည်ကတော့ အဆင်ပြေပြေနဲ့ဘဲပြီးသွားပါတယ်ကွာ။ တေးရော သူ့အဖေနဲ့ အမေရောက အကုန်လုံး လုပ်ပေးကြပါတယ်ကွာ။ အန်တီသီရိကတော့ မင်းမြင်တဲ့အတိုင်းဘဲ တိမ်လွှာ့ကို သဂြိုလ်ပြီးကတည်းက ဒီလိုမျိုးဖြစ်သွားတာ တစ်ခါတလေ မျက်ရည်တွေကျနေတယ် တစ်ယောက်တည်း စကားတွေပြောနေတတ်တယ် ဆရာဝန်ကတော့ ပြင်းပြင်းထန်ထန် စိတ်ထိခိုက်မှုကို ခံလိုက်ရလို့ ဒီလိုဖြစ်သွားတယ်လို့ ပြောတယ် အန်တီ့ရဲ့ ကျန်းမာရေး အခြေအနေနဲ့ စိတ်ခံစားမှုအပေါ်ကို မူတည်ပြီးတော့ အရင်လို ပုံမှန်ပြန်ဖြစ်နိုင်မယ် မြန်ချင်လည်းမြန်မယ် ကြာချင်လည်း ကြာမယ်လို့ ပြောသွားတယ်. အဆိုးဆုံးအခြေအနေဆိုပေမယ့် မင်းစိတ်ချပါ တေးတို့ရော ငါတို့ရော အန်တီ့အတွက် အကောင်းဆုံးဖြစ်အောင်စီစဉ်ပေးနေပါတယ်'

မြူခိုး ဘာစကားမှပင် ပြန်မပြောနိုင်။ မေမေကတော့ သူ့မျက်နှာကို ကိုင်ကြည့်လိုက် လက်ကို ကိုင်ကြည့်လိုက်နှင့် စကားတစ်ခွန်းမှ မပြောတော့။ စည်သူနှင့် နေခွန်းက သူတို့ သားအမိနှစ်ယောက် ဖြစ်စဉ်ကို ကြည့်ကာ စိတ်မကောင်းဖြစ်နေကြတာ အထင်အရှား။ သူ့ရဲ့ အဆိုးဝါးဆုံးအချိန်တွင် သူ့ဘေးမှာ ရပ်တည်ပေးသော ထိုသူငယ်ချင်းနှစ်ဦးနှင့် တေးကို အလွန်ပင် ကျေးဇူးတင်ရပါသည်။ တေးဆိုမှ ဒီနေ့ တေးမပါလာပါလား။ အရင်ကသူ့ဆီ နေ့တိုင်းနီးပါး မေမေ့ကို ခေါ်ပြီးလာနေကြ တေးမပါလာတော့ မြူခိုးမေးမိသည်။

'တေးရော မပါပါလား၊ မအားဘူးလား..ငါ့ဆီမလာတာတောင်ကြာပြီ..'

မြူခိုးအမေးကို နေခွန်းက

InnocenceWhere stories live. Discover now