Chapter (19)

84.7K 6.6K 305
                                    

Unicode

***********

Press Conference ကတည်းက မြူခိုးဟာ အင်တာဗျူးများ တောက်လျှောက်ရှိိလာပြီး တစ်ခါတစ်လေ နေ့စဉ်ရက်ဆက် Shootingတွေ ရှိတာကြောင့် မေမေ့ကို နေ့တိုင်း သွားမတွေ့နိုင်တော့ပေ။ သို့သော် ရတဲ့အချိန်လေးတွေမှာတော့ အချိန်လုပြီး ရအောင် သွားတွေ့ပါသည်။ ဒီလောကကြီးမှာ မြူခိုးနဲ့ မေမေနှစ်ယောက်တည်း ကျန်ခဲ့သည် မဟုတ်ပါလား။ အခုလည်း မြူခိုး ရူတင် နေ့တစ်ပိုင်း စောပြီးသွားတာကြောင့် မေမေ့ဆီကို ထွက်လာခဲ့လေသည်။ မန်နေဂျာဖြစ်သူကို ဆေးရုံကားပါကင်တွင်ပင် စောင့်နေပေးဖို့ ပြောလို်က်ပြီး မြူခိုး မေမေ့အခန်းကို တက်လာခဲ့သည်။

မေမေ့အခန်းတွင်းသို့ဝင်လိုက်တော့ မေမေ့အခန်းထဲတွင် မေမေ့ရဲ့ သူနာပြုဆရာမလေး အပြင်မတွေ့တာကြာပြီဖြစ်သော မြူခိုးမေ့ပစ်ခဲ့သော လူတစ်ယောက်ကိုတွေ့လိုက်ရလေသည်။

တေးနုယဉ်

အရင်ကအတိုင်း သို့မဟုတ် အရင်ကထက်ပင် လှလာသယောင်။ အိမ်ထောင်ကျသွားပြီးတော့ စိတ်ချမ်းသာနေသည် ထင်သည်။ တင်ပါးဖုံးထိ ရှည်သောဆံပင်တို့ကို နောက်တွင် စည်းထားတာတောင်မှ ဝဲဖြာနေလျက်။ ထူးဆန်းသည်က တေးကိုပြန်တွေ့ရတော့ ချစ်သူဟောင်းကို တွေ့လိုက်ရသော ခံစားချက်မျိုးရှိမလာခဲ့ဘဲ သူငယ်ချင်းဟောင်းတစ်ယောက်ကို တွေ့လိုက်ရသော ခံစားချက်မျိုးသာ ရှိလာလေသည်။

မေမေ့ကုတင်ဘေးတွင်ထိုင်ကာ မေမေနှင့် စကားပြောနေသော တေးဟာ အခန်းတံခါးကို ကျောပေးထားတာကြောင့် အခန်းထဲကို ဝင်လာတာကို မမြင်ပေမယ့်လည်း မြူခိုးကတော့ နောက်ကျောကို မြင်တာနဲ့ပင် မှတ်မိနေပါသည်။

ခြေသံကြားသဖြင့် နောက်ကို လှည့်ကြည့်လာတဲ့တေးဟာ မြူခိုးကိုမြင်တော့ မျက်လုံးတွေ ၀ိုင်းခနဲ ဖြစ်သွားအောင်ပင် အံ့သြသွားလေသည်။ မြူခိုးက တည်တည်ငြိမ်ငြိမ်ပင် အခန်းထဲသို့ ဝင်လာလိုက်ကာ မေမေ့အတွက် ဝယ်လာသောမုန့်များကို သူနာပြုဆရာမလေးကို သိမ်းရန် အရင်ပေးလိုက်သည်။ သူနာပြုဆရာမလေးက အပြင်ကို ထွက်သွားလေသည်။ ထို့နောက် ကုတင်ပေါ်တွင် ထိုင်နေသော မေမေ့ဆီကိိုု အရင်သွားလိုက်ကာ နဖူးနမ်းရှံူ့လိုက်သည်။ ပြီးမှ တေးဘက်ကိုလှည့်ကာ နှုတ်ဆက်လိုက်သည်။

InnocenceWhere stories live. Discover now