Chapter (3)

100K 7.4K 29
                                    

Unicode

***********

Year 2010

          ဇန်နဝါရီရဲ့ရာသီဥတုက ထင်ထားသလောက်မအေး။ သို့သော်လည်း ခပ်ဖျော့ဖျော့နေရောင်နှင့် ရော်ရွက်ဝါများကတော့ ဆောင်းရာသီဆိုတာကို လုံလောက်စွာဖော်ပြပေးနေတာပါဘဲ။လမ်းဘေး လက်ဖက်ရည်ဆိုင်လေးမှာထိုင်နေသောမြူခိုး စားပွဲရှေ့မှာချထားသော ကော်ဖီခွက်မှ ကော်ဖီတွေကို အချိန်ဆွဲသောက်နေရင် ကျောပိုးအိတ်ထဲမှာထည့်ထားသော ကျောင်းမှ Assignment များကို ဖတ်နေလိုက်သည်။ ဂိုက်သင်နေသောချစ်သူကိုစောင့်ရင်း အချိန်ကိုအကျိုးရှိစွာ အသုံးချရမည်မဟုတ်ပါလား။

          ခဏကြာတော့ ရှေ့တစ်ဖက်လမ်းမှ ကားပေါ်မှတေးဆင်းလာကာ ကားထဲကိုကြည့်ပြီးပြုံးလိုက်ကာ စကားပြောပြီးနောက် တစ်ဖက်လမ်းမှ မြူခိုးကိုမြင်သွားပြီး လက်ပြကာ ဒီဘက်ကိုလမ်းကူးလာသည်ကိုတွေ့လိုက်ရလေသည်။ မြူခိုးကားထဲကို လှမ်းကြည့်လိုက်တော့ နေကာမျက်မှန်တပ်ထားသော အမျိုးသားတစ်ယောက်ကိုတွေ့လိုက်ရလေတော့ မြူခိုးစိတ်ထဲအလိုမကျဖြစ်သွားလေသည်။

          မြူခိုးနဲ့ တေးတို့ချစ်သူဖြစ်ခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်လာပြီဖြစ်သည်။ ဒီကြားထဲ ကတောက်ကဆဖြစ်ကြတယ်ဆိုတာ မရှိသလောက်ရှားလေသည်။ များသောအားဖြင့် သူပြသနာရှာတိုင်း တေးကအလျှော့ပေးခဲ့တာချည်းပင်။ အခုလည်းထိုသူက ကားနှင့်တေးကို လမ်းထိပ်ထိလိုက်ပို့ပေးသည်ကို  မြူခိုးသိပ်သဘောမကျပေ။

         'စောင့်နေရတာကြာပြီနဲ့တူတယ်..မျက်နှာကြီးက ဆူပုတ်နေတာဘဲ'

          တေးက အပြုံးလေးနဲ့ပြောလိုက်ပြီး မြူခိုးဘေးတွင်ဝင်လိုက်လိုက်သည်။ ထို့နောက် ကော်ဖီမစ်ပလိ်န်းတစ်ခွက်လှမ်းမှာလိုက်ပြီး

       'ပြောပါဦး..ဘာတွေအလိုမကျဖြစ်နေရတာလဲ.. တေးကိုစောင့်နေရတာကြာသွားလို့လား..တောင်းပန်ပါတယ်မြူခိုးရဲ့..စာသင်ပေးနေတဲ့မောင်လေးက အတန်းတင်စာမေးပွဲနီးနေလို့..သူ့ကို အချိိန်ပိုသင်ပေးနေရလို့ပါ..ဆယ်တန်းဆိုတော့ ပိုဂရုစိုက်ရတယ်လေ..'

InnocenceWhere stories live. Discover now