Chapter (45)

91.8K 5.6K 404
                                    


BGM for this chapter- Why not me? by Enrique Iglesias

******************************************************************************************************

Unicode

**********

တုနှိုင်းခပြန်လာနေပြီ၊ အခုဆိုရင် ပြန်ရောက်နေလောက်ပြီဆိုတာကို သိသော်လည်း မြူခိုး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ့ကို လုံးဝ အတွေ့မခံလောက်ဘူးဆိုတာ သေချာသလောက် ရှိနေတာမို့။ အတွေ့မခံချင််လို့တောင် လူမသိအောင် ခိုးကြောင်ခိုးဝှက် ပြန်လာတာဘဲလေ။

ပြီးတော့ လွမ်းဖျားလွမ်းနာကျတာပျောက်အောင် အလုပ်တွေ သိမ်းကြုံးလုပ်ထားတာမို့ မြူခိုးခမျာ ကိုယ့်အပြစ်နဲ့ကိုယ် အလုပ်တွေကို ပစ်ထားလို့မရ။ အခုလည်း မြူခိုး ရွှေတိဂုံဘုရားတွင် ရုပ်ရှင်ကန်တော့ပွဲပေးရန် ရောက်နေခြင်းဖြစ်လေသည်။

မင်းသားက မြူခိုးမဟုတ်သော်လည််း Miracle Entertainment ရဲ့ CEO တစ်ယောက်အနေနဲ့ ရောက်နေရခြင်းပါ။ ကန်တော့ပွဲပေးပြီးတော့ မြူခိုးတစ်ယောက် ဘုရားကို တစ်ပတ် ပတ်နေမိသည်။ သေချာစဉ်းစားကြည့်လိုက်တော့မှ မြူခိုးတစ်ယောက် ဘုရားမရောက်တာ တော်တော်ကြာနေပြီ ဖြစ်လေသည်။ အတိအကျပြောရရင် ထောင်က ထွက်လာပြီးကတည်းက ဆိုတော့ တော်တော်ကြီးကိုကြာ။ ဒိဠိကြီးနီးပါးကိုဖြစ်နေတာ ဘုရားမေ့ တရားမေ့။ လက်စားချေလိုစိတ်တွေ၊ ပြီးတော့ တုနှိုင်းခအကြောင်းတွေသာ ပြည့်နှက်နေခဲ့တာ။ ဒါကြောင့်မို့လို့လည်း မြူခိုး ဘဝအခုထိအဆင်မပြေနိုင်သေးတာဖြစ်မည်။

အခုလမ်းကြုံလို့ ရောက်တုန်းရောက်ခိုက် ဘုရားမှာ အချိန်တော်တော်ကြာကြာနေပြီး ဘုရားရှိခိုး၊ တရားထိုင်တာတွေ ဘာတွေလုပ်မည်စိတ်ကူးနှင့် ဘုရားကို တစ်ပတ်ပတ်နေသည်။ မိမိမွေးနံထောင့်တွင် ဘုရားရှိခိုးသည်။ ဘုရားရှိခိုးရင်း ဆုတောင်းမိသည်က တုနှိုင်းခနှင့် အမြန်ဆုံရဖို့။

InnocenceWhere stories live. Discover now