Chapter (33)

88.7K 5.9K 274
                                    

Unicode

***********

'ကျွန်တော် ဘယ်လိုလုပ်ရမလဲမေမေ..'

မြူခိုး ကုတင်ပေါ်တွင် အိပ်ပျော်နေသော မေမေ့ကိုကြည့်ရင်း ပြောနေမိသည်။ မြူခိုး တုနှိုင်းခရဲ့ ရုံးခန်းက ထွက်လာပြီးတဲ့နောက် မြူခိုး ဘယ်ကိုသွားရမှန်းမသိ နောက်ဆုံးတော့ မိခင်ဖြစ်သူထံ ရောက်လာရတာဖြစ်သည်။ ကုတင်ဘေးတွင် ထိုင်လျက်ကနေ ထပ်မံပြောမိပြန်လေသည်။

'ကျွန်တော် မလုပ်သင့်တာတွေ လျှောက်လုပ်မိခဲ့မိပြီထင်တယ်မေမေ... '

မြူခိုး မျက်လုံးထဲကနေ တုနှိုင်းခရဲ့ အံကိုတင်းတင်းကြိတ်ထားသော ပုံစံလေးက မထွက်နိုင်။ မစဉ်းစားမဆင်ခြင် ဒေါသကြောင့် ကျူးလွန်ခဲ့မိတဲ့ အပြစ်တစ်ခု။ ထို့နောက် တုနှိုင်းခရဲ့ အေးစက်စက်အသံလေးကို ကြားယောင်လာမိပြန်လေသည်။

'မင်းကျေနပ်သွားပြီလား'

ဟင်အင်း။ မြူခိုးမကျေနပ်ပါ။ စေနိုင်သူအပေါ်ကို လုံးဝမကျေနပ်နိုင်သလို တုနှို်င်းခအပေါ်ကို ထိုသို့ပြုမူမိတဲ့ မြူခိုး ကိုယ့်ကိုယ်ကိုလည်း မကျေနပ်နိုင်ပါ။

'မင်းမကျေနပ်သေးရင် ဆက်လုပ်ပါ.. '

မျက်စိမှိတ်ကာ အရာအားလုံးကို အရှုံးပေးထားသောပုံစံလေ။ မြူခိုး ထိုမျှအတင့်ရဲဖို့ မရည်ရွယ်ခဲ့မိပါ။

စေနိုင်သူကို မုန်းသည် အရမ်းကိုမုန်းပါသည်။ သို့သော် တုနှိုင်းခကို အရမ်းချစ်သည်။ ချစ်နေသေးသည်။ အခုတော့ မြူခိုးရဲ့အပြုအမူတွေဟာ စေနိုင်သူအစား တုနှိုင်းခကို တမင်ကြီး ထိခိုက်စေဖို့ ရည်ရွယ်ဟန်ပေါက်သွားသည်။ တုနှိုင်းခ မိမိကိုအထင်လွဲသွားလေပြီ။ ပိုဆိုးသည်က တုနှိုင်းခကိုယ်တိုင်က ကျေကျေနပ်နပ်ကြီး ထိုအဖြစ်ကိုလက်ခံလိုက်လေခြင်း။ ဒါဖြင့်ရင် တုနှိုင်းခ ခံစားရမှာပေါ့။ နာကျင်ရမှှာပေါ့။ အဲ့ဒီလိုအဖြစ်မခံနိုင်ပါ။ တုနှိုင်းခရဲ့ မျက်ရည်တွေဟာ မြူခိုးကိုသေလောက်အောင်နာကျင်စေရတယ်လေ။ စောစောက တုနှိုင်းခကျခဲ့ရတဲ့မျက်ရည်တွေ။ ပြီးတော့ ထိုမျက်ရည်တွေရဲ့ တရားခံက သူ။ မြူခိုး။

InnocenceWhere stories live. Discover now