Chapter (31)

84.7K 6K 195
                                    

Unicode

**********

ကန်တော််ကြီးတွင်ဖြစ်သည်။

ကန်ဘောင်ဘေး တစ်နေရာတွင် မြူခိုးကားကိုု ရပ်ထားသည်။ ဒီနေရာတွင် စေနိုင်သူနှင့် တွေ့ရန် ချိန်းထားတာဖြစ်သည်။ မြူခိုး မနေ့က အဖြစ်မှန်တွေကို သိသွားပြီးနောက် စေနိုင်သူက ယနေ့မနက် မြူခိုးကို ဖုန်းဆက်လာကာ ကန်တော်ကြီးတွင် ်တွေ့ရန် ချိ်န်းခဲ့ခြင်းဖြစ်သည်။

ညက တစ်ညလုံး အိပ်မပျော်ခဲ့သော မြူခိုးဟာ အစောကြီး ရောက်နေတာ ဖြစ်သည်။ စေနိုင်သူကတော့ ရောက်မလာသေးပါ။

မြူခိုး အခုအချိန်ထိ မနေ့က အဖြစ်တွေကို အမှန်ဆိုတာကို မယုံနိုင်သေးပါ။ မယုံချင်သေးဆိုရင် ပိုမှန်မည်။ ယခု မြူခိုးရဲ့ ခေါင်းထဲတွင် အရမ်းကို ရှုပ်ထွေးနေလေသည်။ ဘာဆိုဘာကိုမှ သေချာစဉ်းစားလို့မရနိုင်ပါ။

ထိုစဉ် မြူခိုး ကားရပ်ထားရာ နေရာကို ကားတစ်စီး ရောက်လာသည်။ မြူခိုးက ကားနဲ့ ခေါင်းချင်းဆိုင်ကာ ရပ်လိုက်သည်။ အထဲက စေနိုင်သူ ထွက်လာသည်။ ပြီးတော့ သူ့ရဲ့ ကားဘောနက်ဖုံး ရှေ့ကိုလျှောက်လာကာ ဘောနက်ဖုံးကို မှီရပ်လိုက်ပြီး ဟန်ပါပါလက်ပိုက်ကာ ကားထဲက မြူခိုးကိုကြည့်နေလေသည်။

မြူခိုး ကားစတီယာတင်ကို လက်နဲ့တင်းကျပ်နေအောင် ကိုင်လိုက်မိသည်။ လွန်ခဲ့သော ငါးနှစ်တုန်းက အတိုင်းပင် စေနိုင်သူကို မြင်လိုက်တိုင်း စေနိုင်သူအကြောင်း စဉ်းစားလိုက်တိုင်း သွေးတွေက ဆူပွက်လာဆဲပင်။ ဘာဆိုဘာမှ မပြောင်းလဲသေး။

မြူခိုးလည်း ကားပေါ်ကဆင်းလိုက်သည်။ထို့နောက် ကားရှေ့ကို လျှောက်သွားကာ စေနိုင်သူလိုပင် ကားရဲ့ ဘောနက်ဖုံးကို မှီကာ ရပ်လိုက်သည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ရပ်နေကြသည့်တိုင်အောင် အခုထိ ဘာစကားတစ်ခွန်းမှ မပြောဖြစ်ကြသေး။ သို့သော် မြူခိုးနဲ့ စေနိုင်သူတို့ရဲ့ အခြေအနေက အချိန်မရွေး ပေါက်ကွဲနိုင်သော မိုင်းဗုံးတစ်ခုရဲ့ အခြေအနေ။

စေနိုင်သူက စကားစပြောသည်။

'မင်းနဲ့ ငါနဲ့ ဒီလောက် မြန်မြန် ထိပ်တိုက်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး မြူခိုး'

InnocenceWhere stories live. Discover now