Chapter (18)

84.5K 6.8K 130
                                    

Unicode

**********

ဒီနေ့က မြူခိုးနဲ့ထွန်းသူရတို့ကို မီဒီယာတွေနဲ့ မိတ်ဆက်ပေးမယ့်နေ့။ Miracle Entertainment မှာဘဲ လုပ်တာဖြစ်သည်။ မြူခိုးနဲ့ ထွန်းသူရတို့က သူတို့အတွက် ပေးထားသော နားနေခန်းထဲတွင် ဆိုင်ရာ Stylistများ ကိုယ်စီဖြင် ့ပြင်ဆင်နေကြရလေသည်။

မြူခိုးစိတ်လှုပ်ရှားနေပါသည်။ စိုးရိမ်နေမိပါသည်။ လွန်ခဲ့သော လေးနှစ်ကျော် ငါးနှစ်ခန့်တုန်းက အဖြစ်အပျက်တွေကို ပြန်မြင်ယောင်မိလာလေသည်။ ပုံရိပ်တွေက ထင်ထင်ရှားရှား လက်ထိပ်တန်းလန်းနဲ့ သူ့ရဲ့ပုံရိပ်မေမေနှင့် ညီမလေး။

မြူခိုးမျက်လုံးတွေကိုမှိတ်လိုက်ကာ ခေါင်းကိုခါလိုက်သည်။ မနေ့ကထွက်ခဲ့သော Article ကြောင့် ဒီနေ့ပွဲဟာ အဆင်ပြေပြေနဲ့ ပြီးနိုင်ပါ့မလားဆိုတာကို စိုးရိမ်မိပါသည်။ သတင်းထောက်တွေရဲ့ အမေးကို သူသည်းခံနိုင်ပြီး သေချာဖြေဆိုနိုင်ပါ့မလားဆိုတာကို မသေမချာဖြစ်နေမိပါသည်။

ပြင်ဆင်ပြီးနောက် ထိုင်ရန်ပေးထားသော ခုံပေါ်တွင် ထိုင်ကာ လှုပ်ရှားနေသော စိတ်တို့ကို တည်ငြိမ်စေရန် ကြိုးစားမိသည်။ ထိုစဉ်ပြင်ဆင်လို့ပြီးသွားသော ထွန်းသူရက အနားသို့လာရပ်ပြီး သူ့ပခုံးကိုပုတ်ကာ အားပေးသည်။

'အဆင်ပြေသွားမှာပါကွာ. ဘာမှစိတ်ပူမနေနဲ့.. ဘော့စ်တုနှိုင်းခက ဘာမှမဖြစ်စေရဘူးလို့ အာမခံထားတယ်မလား. မင်းဘက်မှာ ဘော့စ်လည်းရှိတယ်. ငါလည်းရှိတယ်. ဒီနေ့က အဆင်ပြေပြေနဲ့ကို ပြီးသွားမှာ'

'ကျေးဇူးပါဘဲကွာ....'

'ငါအပြင်ထွက်နေတော့မယ်၊ မင်းလာတော့မလား..'

'ငါဒီမှာခဏလောက်နေလိုက်ဦးမယ်၊ ခဏဘဲ၊ ပြီးရင်ထွက်လာခဲ့မယ်'

'အိုကေ'

တွန်းသူရ ထွက်သွားပြီးတော့ မြူခိုး ထိုင်ခုံ နောက်မှီပေါ်တွင် ခေါင်းကို မှှီလိုက်ကာ မျက်လုံးကို မှိတ်လိုက်ပြီး အသက်ကို ပြင်းပြင်းရူလိုက်သည်။ စိတ်ငြိမ်သွားအောင်လို့ပါ။ မြူခိုးကို အားပေးကြတဲ့လူတွေ ရှိနေပေမယ့်လည်း အားငယ်စိတ် စိုးရိမ်စိတ်က လျော့မလာခဲ့။ မြူခိုးပုံစံကိုမြင်ပြီး အနှောင့်အယှက်မပေးချင်ကြတဲ့ မြူခိုးရဲ့ Staff တွေလည်း အလျှိုလျှိုအခန်းထဲက ထွက်သွားကြလေသည်။

InnocenceWhere stories live. Discover now