Chapter (24)

81K 6.2K 53
                                    

Unicode

*

မြူခိုး စားသောက်ဆိုင် တစ်ဆိုင်အတွင်းသို့ ဝင်လာလေသည်။ အထဲသို့ ရောက်သော် အနားကပ်လာသော စားပွဲထိုးလေးကို တစ်စုံတစ်ခု ပြောလိုက်သည်။ စားပွဲထိုးလေးက ခေါင်းငြိမ့်လိုက်ကာ မြူခိုးကို အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားလေတော့သည်။ သီးသန့်ခန်းတစ်ခုကို ခေါ်သွားတာဖြစ်သည်။ ထိုအခန်းထဲတွင် အမျိုးသားတစ်ဦးက ထိုင်စောင့်နှင့် နေသည်ကို တွေ့ရလေသည်။ မြူခိုးဝင်သွားတော့ ထိုအမျိုးသားက ထိုင်ပါဆိုပြီးတော့ ခရီးဦးကြိုပြုသည်။ မြူခိုးက ဝင်ထိုင်လိုက်ပြီး ဆောင်းလာသော ဦးထုပ်နှင့် မျက်မှန်ကို ချွတ်လိုက်ကာ အပေါ်က ဝတ်လာသော ဂျာကင် အညိုရောင်ကိုလည်း ချွတ်လိုက်သည်။ ရုပ်ဖျက်လာရသည် မဟုတ်ပါလား။

အရင်ရောက်နှင့်နေသော လူက ဘီယာခွက်ကို မြှောက်ပြလိုက်ပြီး မြူခိုးအား မေးလိုက်သည်။

'သောက်ဦးမလားအစ်ကို.. '

ဟုမေးလိုက်တာကို မြူခိုးက လက်ကာပြလိုက်ပြီး..

'မသောက်တော့ဘူးညီလေး. အစ်ကိုဒါပြီးရင် ညဘက် ရူတင်ရှိသေးလို့..ကိုလာဘဲ သောက်တော့မယ်..'

'ဟုတ်ကဲ့. ကျွန်တော့်ကိုယ့်ကိုကိုယ်ဘဲ အရင် မိတ်ဆက်တော့မယ်နော်. ကျွန်တော်က ဒုရဲအုပ်ထင်လင်းပါ။ စီအိုင်ဒီကပါ အစ်ကို။ '

မြူခိုးက လက်ဆွဲနှုတ်ဆက်လိုက်ပြီး

'ကိုယ်က မြူခိုးပါ.ညီလေးက ကိုယ့်ကို ဘာကြောင့်များ တွေ့ချင်ရတာလဲမသိဘူး.. '

'ဒီလိုပါအစ်ကို. ကျွန်တော်တို့ အခုမူးယစ်ဆေးတွေ တရားမဝင်ရောင်းဝယ်နေတဲ့ အင်အားကြီး အုပ်စုတွေကို လိုက်စုံစမ်းနေတာပါ. အခုနောက်ပိုင်း တရားမဝင်တင်သွင်းနေတဲ့ အုပ်စုတွေနဲ့ ပက်သက်တဲ့ နောက်ကွယ််က Mastermind တွေကို လိုက်လိုက်တော့ ရဲသီဟဆိုတဲ့ လူဆီမှာ အဆုံးသတ်သွားတယ် ရောင်းဝယ်တဲ့လူတွေ အားလုံးက ရဲသီဟဆီကဘဲ ယူတာဆိုပြီး ထွက်ဆိုကြတယ်. ပြီးတော့ ရဲသီဟက စေနိုင်သူဆိုတဲ့ သူဌေးရဲ့ လက်ထောက် ဆိုတော့ ကျွန်တော့ Main Target က စေနိုင်သူ ဖြစ်လာတယ် ပေါ့ဗျာ..'
ဒုရဲအုပ်ထင်လင်းက ထိုအထိပြောပြီး ခဏ နားကာ ရေတစ်ခွက် ယူသောက်သည်။ မြူခိုးကလည်း စေနိုင်သူ နာမည်ပါလာပြီ ဖြစ်သဖြင့် စိတ်ဝင်စားသွားမိသည်။ ထိို့နောက် ဒုရဲအုပ်ထင်လင်းက စကားဆက်သည်။

InnocenceWhere stories live. Discover now