Chapter (7)

86.2K 6.3K 36
                                    

Unicode

***********

' အစ်ကို ခန့်ပိုင် ပါလား အိမ်အထိရောက်လာတာ ဘာကိစ္စရှိလို့လဲခင်ဗျ'

' ဘာကိစ္စမှတော့မရှိပါဘူူး ညီ့ဆီကိုဘဲတမင်လာတာပါ ကိုယ့်ကို အိမ်ထဲဝင်ခွင့်မပေးတော့ဘူးလား'

ခန့်ပိုင်က ကြည့်နေကျ စူးရဲရဲအကြည့်တွေနဲ့ကြည့်ပြီးပြောလေသည်။

' ရပါတယ် ဝင်ပါ'

အိမ်ထဲရောက်တော့ ခန့်ပိုင်က တစ်အိမ်လုံးကို စေ့စေ့စပ်စပ် လိုက်ကြည့်ပြီး လက်ထဲက ကိုင်လာသော စက္ကူအိတ်တွေကို စားပွဲပေါ်ကိုတင်လိုက်ပြီး

'လူကြီးတွေမရှိဘူးလားညီ'လို့မေးပြီး မြူခိုးထိုင်နေသော နံဘေးတွင် ဝင်ထို်ုင်လေသည်။ မြူခိုးတွန့်ခနဲ့ဖြစ်သွားသော်လည်း အားနာသဖြင့်ဘာမှမပြော

'မေမေက အလုပ်သွားပါတယ် ညီမလေးကတော့ ကျောင်းကပြန်မရောက်သေးဘူး ဒါနဲ့ အစ်ကိုက ဒီကို ဘာကိစ္စနဲ့များလာတာလဲမသိဘူး'

'ညီ စာနယ်ဇင်းမိတ်ဆက်ပွဲကျရင် ဝတ်ဖို့ ဝတ်စုံကို အစ်ကိုဝယ်လာပေးတာပါ ညီ့အမေအတွက်ပိုးချိတ်နဲ့ ညီမလေးအတွက်ပါ ဝယ်လာတယ်' ဟုပြောပြီး အိတ်တွေကို လက်ထဲ အတင်းထည့်ပေးလေရာ မြူခိုးက လက်ကာပြလိုက်ပြီး

'ဟာ မလုပ်ပါနဲ့အစ်ကို အဲ့ဒီအတွက် ကျွန်တော် ကိုယ့်ဘာသာကိုယ် စီစဉ်ထားပါတယ် ကျေးဇူးတင်ပေမယ့် လက်မခံပါရစေနဲ့'

'ကိုယ်က ညီ့ကို စေတနာရှိလို့ ပေးတာပါ ညီသာ အစ်ကိုပေးတဲ့ဝတ်စုံကို ဝတ်လိုက်ရင် အားလုံး သဘောကျသွားမှာ အဲ့ဒါမှ မီဒီယာသမားတွေကလည်း ညီ့ကို တစ်ခမ်းတနား ကြေငြာပေးချင်ကြမှာ'

' စေတနာကို နားလည်ပေမယ့်ကျွန်တော်လက်မခံသင့်ဘူးထင်လို့'

'မဟုတ်တာညီရယ် ဒီဇာတ်ကားအတွက် ကိုယ်တို့Entertainmentက ညီ့အတွက်ကို တာဝန်ယူထားတော့ အစစအရာရာ ကိုယ်တို့စီစဉ်ပေးရတာမို့လို့ပါ ဒါက အလုပ်သဘောအရပါ ကဲပါ ယူလိုက်ပါ' ဆိုပြီး လက်ထဲအတင်းထည့်ပေးနေလေသဖြင့် မလွှဲသာဘဲ ယူလိုက်ရလေသည်။ အင်းလေ အလုပ်သဘောအရဘဲလေ သူတို့တာဝန်ရှိလို့ပေးတာဘဲဟာ ဘာမှမဖြစ်နိုင်ပါဘူး။

InnocenceWhere stories live. Discover now