Chapter (32)

90.6K 6K 224
                                    


BGM for this chapter >> Grenade by Bruno Mars

********************************************

Unicode

***********

မြူခိုး ဟိုတစ်နေ့က ပြဿနာ ဖြစ်ပြီးကတည်းက တုနှိုင်းခကို တွေ့ချင်သဖြင့် ရုံးကို သွားသော်လည်း တုနှိုင်းခက ရုံးမတက်။ စေနိုင်သူနဲ့ တွေ့ပြီးပြီးချင်း တုနှိုင်းခရဲ့ တိုက်ခန်းရှိရာကို သွားကြည့်သော်လည််း တုနှိုင်းခက တိုက်ခန်းတွင်ရှိမနေပါ။ သေချာသည်က စေနိုင်သူရဲ့ အိမ်တွင် ရှိနေတာဖြစ်မည်။ ဟိုတယ်မှာတုန်းက တုနှိုင်းခကို အတင်း ဆွဲခေါ်သွားပြီးကတည်းက အခုထိ မတွေ့ရသေးပါ။ တုနှိုင်းခနဲ့ မျက်နှာချင်းဆိုင်တွေ့ချင်နေသည်။ တွေ့မှဖြစ်သည်။

မြူခိုး သေချာ ပြန်စဉ်းစားကြည့်လိုက်တော့မှ တုနှိုင်းခဟာ အရင်ကတည်းက မြူခိုးနဲ့ အစ်ကိုဖြစ်သူရဲ့ ပတ်သက်မှုကို သိနေတဲ့ပုံစံ ဖြစ်နေသည်။ ဒါကြောင့် ခန့်ပိုင် အကြောင်းစုံ ပြောလိုက်မှာကို စိုးရိ်မ်နေတာ ဖြစ်မည်။ ဘယ်တုန်းကတည်းက သိနေတာလဲ။ သိတာ ဘယ်လောက်ကြာနေပြီလဲ။ သိရဲ့သားနဲ့ ဘာကြောင့် ဖုံးကွယ်ထားရတာလဲ။

မြူခိုး တုနှိုင်းခရှေ့မှာရော မီဒီယာသမားတွေ ရှေ့မှာပါ စေနိုင်သူကို ဘယ်လောက်မုန်းသည် ဘယ်လောက် လက်စားချေချင်သည်ဆိုတာကို အကြိမ်ကြိမ် ပြောပြခဲ့့ဖူးတာကြောင့် အစ်ကိုဖြစ်သူကို ထိခိုက်မှာ စိုးသဖြင့်လား။ မြူခိုးရင်ထဲက မေးခွန်းများစွာဟာ မြူခိုးကို သေလောက်အောင် နှိပ်စက်နေလေသည်။ ထို့အပြင် ပိုဆိုးသည်က တုနှိုင်းခကို အရမ်း စိတ်ပူနေခြင်း။ မနေ့က သူ့ရဲ့ အပြုအမူကြောင့် တုနှိုင်းခ စိတ်မကောင်းဖြစ်သွားတာ အသိအသာ ဒါ့အပြင် စေနိုင်သူက အတင်းဆွဲခေါ်သွားတာမို့ ဘာများဖြစ်နေပြီလဲ။

တွေးရင်းတွေးရင်းနဲ့ ရင်ထဲက စိုးရိမ်စိတ်တွေက တရိပ်ရိပ် တက်လာလေသည်။ ပြီးတော့ တုနှိုင်းခကို မျက်နှာချင်းဆိုင်ပြီး အကြောင်းစုံကို မေးချင်နေသည်။ အထူးသဖြင့် မြူခိုးကို အကြောင်းစုံ မပြောပြဖို့ အရေးအတွက် ခန့်ပိုင်နဲ့ဘယ်လိုအပေးအယူတွေလုပ်ထားကြတာလဲ။ တုနှိုင်းခ ဘာတွေလုပ်ချင်နေတာလဲ။ ပွင့်ပွင့်လင်းလင်း ဖွင့်မေးချင်သည်။

InnocenceWhere stories live. Discover now