Chapter (30)

86.7K 6.1K 168
                                    

Unicode

***********

ELLE Magazine 10th Anniversary Event တွင်ဖြစ်သည်။ ဒီပွဲက ထူးထူးခြားခြား Formal Suit တွေ ဝတ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါး ဝတ်လို့ရခြင်းပင်။ ဒါကြောင့်မို့လို့ မြူခိုးရဲ့ ဒီဇိုင်နာက ပေါ့ပေါ့ပါးပါးနဲ့ Fashionable ဖြစ်စေတာမျိုးကို စီစဉ်ပေးလိုက်လေသည်။ မြူခိုးနှင့် လွန်စွာလိုက်ဖက်သော ရှပ်အဖြူပေါ်မှာမှ ကြက်သွေးရောင်တောက်နေသော ကုတ်အကျီနှင့် Skinny Jean တို့နှင့် မြူခိုးဟာ မော်ဒယ်ကောင်မလေးတွေရဲ့ ၀ိုင်းဝိုင်းလည်ခြင်းကိုခံနေရသည်။

ပြီးတော့ ဒီ Magazine ရဲ့ ဆယ်နှစ်ပြည့် အထူးထုတ် Magazine တွင်လည်း Cover Model အဖြစ် မြူခိုးကိုသုံးခဲ့တာဖြစ်သည်။ ဒါကြောင့်မို့လို့ ဒီပွဲတွင် VIP guest အနေနဲ့ ဖိတ်ကြားခံရတာဖြစ်သည်။

ဟိုတယ်ကြီးရဲ့ နှစ်ထပ်ခန်းမတွင် အပေါ်ထပ်ရော အောက်ထပ်ကိုပါ ခမ်းနားစွာ Decorate လုပ်ထားတာဖြစ်သည်။ Journalist တွေလည်းရှိသည်။ အနုပညာရှင် အသိုင်းအဝိုင်း စာပေအသိုင်းအဝိုင်း ဖက်ရှင်အသိုင်းအဝိုင်း စသည့် နယ်ပယ်ပေါင်းစုံမှ နာမည်ကြီးတွေပါ တက်ရောက်ကြတာမို့ တော်တော်ကြီးကျယ်သည့်ပွဲ။

ပွဲကစနေတာ တစ်နာရီလောက် ရှိနေပြီဖြစ်သည်။ မြူခိုးကတော့ ရှန်ပိန်ခွက်လေးကို ကိုင်ရင်း စားပွဲခုံတွင်ထိုင်ကာ အသိတွေနှင့် စကားပြောလိုက် စင်ပေါ်ရှိ Performance များကို ကြည့်နေလိုက်နှင့် လုပ်နေသည်။ အမှန်တော့ မြူခိုး ဒီလိုပွဲမျိုးတွေကို သိပ်မကြိုက်လှပါ။ အနုပညာသမား ဖြစ်လာပြီဆိုတော့ ဒါမျိူးတွေနဲ့ ကင်းလို့မရ။

မြူခိုးထိုင်နေရင်းနဲ့ပျင်းလာသည်။ အမှန်တိုင်းပြောရရင် ပြန်ချင်နေပြီ။ သို့သော်လည်း ပွဲပြီးတဲ့ထိနေရမှာမို့ အောင့်အီးသည်းခံကာ ထိုင်ရဦးမည်ဖြစ်သည်။ ထို့နောက် မြူခိုးနှင့် တစ်စားပွဲထဲတွင် ထိုင်နေသောလူတစ်ဦးက ဘေးတွင် ထိုင်နေသောလူကို ပြောလိုက်သည်။

'ဟိုမှာလာနေတာ Wave Entertainment က ပိုင်ရှင်မလား ကောင်လေးတစ်ယောက်ကို လက်ဆွဲပြီး ခေါ်လာတယ် '

Wave Entertainment ဆိုတာ ခန့်ပိုင် ပိုင်တာမဟုတ်လား။ မြူခိုး ထိုသူတွေကြည့်နေသော ဘက်ကို လှည့်ကြည့်လိုက်မိတော့ အပေါက်ဝကနေ တုနှိုင်းခကို လက်ဆွဲကာ ဝင်လာသော ခန့်ပိုင်ကို တွေ့လိုက်ရလေသည်။ မြူခိုးစိတ်ထဲ ဖျဉ်းခနဲ့ ဖြစ်သွားလေသည်။ လက်ဆွဲပြီး လာတယ်ဆိုတော့ Couple ဆိုတဲ့ သဘောနှင့်ပေါ့။

InnocenceWhere stories live. Discover now